Part 25

4.3K 788 184
                                    

ရှောင်းကျန့် အိမ်ပြန်ရောက်တာ
တစ်ပတ်တိတိပင်ရှိသွားခဲ့ပြီ။သူ့ရွေးချယ်မှု
မှန်ကန်ကြောင်းသိလိုက်ရတာက အရင်ကထက်
စားဝင်အိပ်ပျော်ပြီး တစ်နေကုန်လတ်လျားလတ်လျား ပတ်သွားနိုင်တာပင်။
နန်းတော်ဘက်မှ ဘာသတင်းသဲ့သဲ့မှ
မကြားရသလို ရှောင်းကျန့်ဘက်မှလည်း
တစ်ခါတစ်ရံ အမှတ်ရရုံလွဲပြီး ဘာမှမဖြစ်။

မနက်ခင်းမိုးလင်းလို့ အိပ်ယာက
နိုးမည့်သူမရှိချိန်၊နေ့လယ်စာအဆင်သင့်ပြင်ပြီး
စောင့်ကျွေးမည့်သူမရှိချိန်၊ရေချိုးတာကြာလို့
တတွတ်တွတ် ပွားမည့် ရိပေါ်မရှိချိန်၊ညအိပ်တိုင်း
ခိုးခိုးပြီး ရင်ခွင်ထဲ ထည့်ထားတတ်သည့်
တစ်စုံတစ်ယောက်မရှိချိန်...

ထိုအချိန်တွေကလွဲပြီး သူထူးခြားစွာ
သတိရတာမရှိ။

သက်ပြင်းမောကို ဘာမှန်းမသိစွာချရင်း
စာရင်းစာအုပ်လေးကိုကောက်ကိုင်လိုက်တော့
ဟောင်းနွမ်းဆွေမြေ့နေသည့်စာအုပ်လေးက
တစ်ဝက်သာ လက်ထဲပါလာပြီး စာရွက်တစ်ချို့ကတော့ အထပ်လိုက်လေး ပြုတ်ကျန်ခဲ့သည်။

ပြုတ်သွားသည့်စာအုပ်ကိုကြည့်ပြီး ရိပေါ်သာမြင်ရင် အသစ်လဲဖို့ ​နားချဉီးမှာတွေးမိတော့
သူ့အောက်နှုတ်ခမ်းကို အသာဖိကိုက်လိုက်မိသည်။ထိုပြုတ်ကျခဲ့သည့်အစုတ်လေးကိုပါ
ကောက်ယူရင်း လက်စွဲတော်ယပ်တောင်လေးကို
ယူကာ ဈေးထဲထွက်ဖို့ခြေလှမ်းပြင်လိုက်သည်။

မနက်ဖြန် စာအုပ်အသစ်လဲဖို့ ထူးခြားစွာ
သူ့စိတ်ထဲတွေးနေမိပြီး မနက်စာကို ဘုန်းကြီးကျောင်းမှာမဟုတ်ဘဲ ဈေးထဲက
တစ်ဆိုင်ဆိုင်မှာ စားဖို့ပါ ဆုံးဖြတ်မိနေသည်ကြောင့် ကိုယ့်ကိုကိုယ်ပင်လန့်လာရသည်အထိ။

"ဘာတြွေဖစ်နေတာလဲ။နန်းတော်ကအစားကောင်းအသောက်ကောင်းတွေ စားလာပြီး
အစာအိမ် သောက်ကျင့်ပျက်နေတာလား"

တစ်ကိုယ်တည်းရေရွတ်ရင်း ဆက်လျှောက်ဖို့
ပြင်တော့ ကြမ်းတမ်းစွာတိုက်ခတ်လာသည့်
လေပြင်းတစ်ခု။အမှိုက်သရိုက်တွေပါ သယ်လာတာမို့ ရှောင်းကျန့် မျက်လုံးစုံမှိတ်ရင်း
လက်ထဲက ယပ်တောင်ကိုဖြန့်ကာလိုက်မိသည်။

Chit Tee{Completed}Onde as histórias ganham vida. Descobre agora