Part 11

5.1K 918 69
                                    

"ယုလီရောက်လာပြီလား!"

ရှေ့တည့်တည့်မှာ မတ်တပ်ကြီးရပ်နေတာကို
မြင်မြင်လျှက်နဲ့ ပြုံးစစကြီးမေးလိုက်တဲ့ရိပေါ်
စကားမှာ ရှောင်းကျန့်တိတ်တိတ်လေး
နှာခေါင်းရူံ့မိတယ်။

"မှန်လှပါ အရှင့်သား။ယုလီ တစ်ပတ်ကြိုလာ
ခဲ့လိုက်တာပါ"

"ကောင်းတာပေါ့။ယုလီ ဒီမှာနေဖို့ အချိန်ပိုရ
တာပေါ့"

ပြောပြီး အနောက်မှာပါလာတဲ့ရှောင်းကျန့်ကို
လက်ဟန်ပြတယ်။တစ်ခါ...နှစ်ခါ..သုံးခါ...

ဟန်ပြရတဲ့ရိပေါ်လက်တွေ ညောင်းနေပြီ။
ထိုကောင်လေးက ခေါင်းငုံ့ထားရာကနေ
မလှုပ်ရှားသေး။ပျက်ယွင်းနေတဲ့အမူအယာ
တွေနဲ့ မယ်တော်ရော ယုလီပါ ရိပေါ်ကို
ကျော်လို့ အနောက်က ရှောင်းကျန့်ကိုလှမ်း
ကြည့်ကြတယ်။

"ဟို..သူက အသစ်မလို့ထင်တယ်!"

"သစ်ပါစေဦး။ဒီလောက်တောင်အရိပ်အကဲ
နားမလည်ရလား။ဘယ်လိုများ မင်းဘေးမှာ
ခစားဖို့ထားထားသေးတာလဲ"

ရောက်ရောက်ချင်းဆောက်နဲ့ထွင်းသည့်
ရှောင်းကျန့်။

"ထားလိုက်ပါ။အဲ့လောက်ကြီးအရေးမကြီးပါဘူး
ကျွန်တော်ပြောချင်တာက ဒီမှာ ယုလီဖို့
လက်ဆောင်ပြင်လာတယ်"

ရှောင်းကျန့်လက်ထဲက ကတ္တီပါအနီဖုံးထားတဲ့
ဗန်းလေးကို ဆောင့်ဆွဲယူလိုက်တော့မှ
အကြည့်ချင်းဆုံမိတော့တယ်။ကျောက်စိမ်း
ဆံထိုးလေးက ကတ္တီပါစလေးအောက်မှာ
ဝင့်ဝင့်ကြွားကြွား။

"လှလိုက်တာ။အရမ်းလှတာပဲ!"

ယုလီဆိုတဲ့မိန်းကလေးရဲ့မျက်လုံးလှလှလေးတွေ
က လိုတာထက်ပိုတောက်ပသွားတယ်။
ဆံထိုးလေးကိုကိုင်ကြည့်ရင်း ရိပေါ်ကိုလည်း
ရှက်ပြုံးလေးနဲ့ လှမ်းလှမ်းကြည့်သေးတာ။

"ယုလီဆီမှာအမှုထမ်းဖို့ ကိုယ့်လူတွေထည့်ပေး
ထားတယ်။"

ရိပေါ်စကားမှာ မယ်တော်ကြီးက တပြုံးပြုံး။
ထိုမိန်းကလေးကတော့ ပြောမနေပါနဲ့တော့။
ရှောင်းကျန့်အကြွေးတောင်းရအဆင်ပြေတဲ့အခါ
ဖြစ်နေကြရုပ်ကြီး။

Chit Tee{Completed}Where stories live. Discover now