Part 19

5.5K 885 102
                                    

နေရောင်နွေးနွေးလေးက ပြတင်းပေါက်ကနေ
ကုတင်ထက်မှာ ဖြာကျလို့နေတယ်။
ကုတင်ခြေရင်းမှာ မေးထောက်လို့ သူငေးနေမိတာကနေပူလှန်းထားမိတဲ့ယုန်ဖြူလေးကို။
မယ်တော် ပြန်ထွက်သွားပြီးကတည်းက
သူ့ကိုကျောပေးထားတာ အခုထိ။
ဝတ်ရုံဖြူစလေးကိုတောင်လျော့ရဲရဲလေးသာ
လွှားထားနိုင်တော့သည့် ရှောင်းကျန့်က ပခုံးလေးတွေလှုပ်ခါလာသည်အထိ အသံတိတ်ငိုနေရှာတော့တာ။ရိပေါ်ပေးထားတဲ့ အနီကွက်လေးတွေနဲ့
အဆီပိုမရှိတဲ့ လည်ဂုတ်သားလေးတွေပေါ်မှာ
မစည်းနှောင်ရသေးတဲ့ ဆံနွယ်စလေးတွေက
ဟိုတစ်စ ဒီတစ်စ။

ငိုနေတဲ့လူကို ငေးကြည့်နေတာ နည်းနည်းတော့
မဖြစ်သင့်တာမှန်ပေမဲ့ ရိပေါ်ကလေးချော့
မကျွမ်းတာကတစ်ကြောင်း၊နေရောင်အောက်က
အလှလေးကို မျက်တောင်မခတ်ကြည့်နေချင်တာကတစ်ကြောင်းမို့ ရှောင်းကျန့်လည်းငိုစရာရှိတာငို၊သူလည်း ငမ်းစရာရှိတာငမ်းပြီး
မင်္ဂလာမနက်ခင်းလေးကို အစပြုနေမိတယ်။

လှုပ်စိစိနဲ့အရိပ်ဖြူလေးက နှပ်တွေရော
မျက်ရည်ပါသုတ်ပြီး ကုတင်ပေါ်က
ထဖို့ပြင်တယ်။ရိပေါ်ပြေးမတားဘူး...

သူ့လက်စ သူအသိဆုံးမလို့။

"အ...ဟင့်!!"

နယ်ချဲ့ခံထားရတဲ့ ရှောင်းကျန့်ကတော့
ကုတင်ဘေးကကြမ်းပြင်ပေါ်မှောက်ခုံအနေအထားနဲ့ပုံ့ပုံ့လေးပြန်လဲကျတယ်။
အဲ့အထိ ရိပေါ်ဘက်က
မေးထောက်ငေးနေတာ မရပ်သေးဘူး။

"ကို မပြောဘူးလား။ငြိမ်ငြိမ်လေးနေပါလို့"

ရိပေါ်စကားကြောင့် မျက်စောင်းလေးနဲ့
တစ်ဖက်လှည့်သွားပြန်တယ်။စောက်ကလေး
ချစ်ဖို့ကောင်းနေချက်က ရိပေါ်ရင်ဘတ်ထဲ
ဖလပ် ဖလပ်တွေကိုဖြစ်လို့။

"ကဲ...ကို ကူပေးမယ်"

လက်မောင်းလေးကို ဆုပ်ကိုင်လိုက်တော့
ရှောင်းကျန့်က မကိုင်မခံဘဲ တစ်ဖက်ကိုလှိမ့်သွားပြီး ခပ်လှမ်းလှမ်းမှာ ပက်လက်လေးလန်လို့နေတယ်။ရိပေါ် ခဏတော့ကြောင်သွားပေမဲ့
ကုန်းကွကွနဲ့ပဲ ရှောင်းကျန့်အနားထပ်လျှောက်သွားရင်း ဆွဲထူဖို့ထပ်ပြင်လိုက်တယ်။
ရှောင်းကျန့်က ခပ်လှမ်းလှမ်းကိုလှိမ့်သွားပြန်တယ်။ရိပေါ်က လိုက်ဖမ်း၊ရှောင်းကျန့်က လှိမ့်ပြေးနဲ့ အိပ်ဆောင်တစ်ခုလုံး နေရာလပ်မကျန်တော့တဲ့အထိပဲ။

Chit Tee{Completed}Where stories live. Discover now