Part 20

4.4K 751 41
                                    

"အရှင့်သားက အခေါ်ရှိလာပါတယ်"

အမှုထမ်းလေးစကားကြောင့် တွက်လက်စ
စာရင်းတွေဘေးချလို့ လှည့်ကြည့်မိသည်။

"ဖန်ရှင်း!"

ဖရိုဖရဲ ဝတ်ရုံစနဲ့ ဖန်ရှင်းအနား ပျော်ပျော်ကြီးတိုးသွားလိုက်ပေမဲ့ အနားရောက်ခါနီးမှာပင် ဖန်ရှင်းက ခြေတစ်လှမ်းဆုတ်လို့ ခေါင်းကိုငုံ့ရှာသည်။ထိုအမူအယာကြောင့် ရှောင်းကျန့်မျက်ခုံးလေးတွေ စုကျုံ့သွားရင်းက ဖန်ရှင်း
ကျောကို မနာအောင်လှမ်းရိုက်မိသည်။

"ဘာလဲကွအဲ့အမူအယာက!ငါ့ကိုဘယ်လိုကြီး
ဆက်ဆံနေတာလဲ"

"ကြင်ယာတော်က အခု သာမာန်အမူထမ်းလေး
မဟုတ်တော့လို့ပါ။ပြီးတော့ အရှင့်သားက
အခေါ်လွှတ်လိုက်လို့ ကျွန်တော်မျိုး
လာခေါ်ရတာပါ"

ဖန်ရှင်းစကားအဆုံးချက်ချင်းစကားမပြန်သေးတဲ့ရှောင်းကျန့်က ကြမ်းပြင်ပေါ်ပြားနေအောင်ထိုင်ချလိုက်သည်။

"တရွတ်တိုက်ဆွဲသွား!"

"ဗျာ!!!"

"တရွတ်တိုက်ဆွဲသွားလို့။ငါက မင်းကိုအမိန့်ပေးလို့ရတဲ့အဆင့်ဖြစ်နေပြီလို့မင်းထင်နေတယ်မဟုတ်လား။အဲ့တော့ တရွတ်တိုက်ဆွဲသွား။
ငါအမိန့်ပေးနေတာ"

ရှောင်းကျန့်စကားကြောင့်ဖန်ရှင်းခေါင်းကုပ်မိသည်။သူ့အနားကျုံ့ကျုံ့လေးတိုးသွားမိတော့
လှည့်မကြည့်လာ။

"အဲ့လိုကြီးက မြင်မကောင်းဘူးလေ"

"ငါလည်း မင်းအခေါ်အဝေါ်တွေကိုကြားမကောင်းဘူး။"

ဖန်ရှင်းကသက်ပြင်းလေးလေးချရင်း ငြိမ်နေသည်။ရှောင်းကျန့်အကြံအောင်မြင်သွားပြီဆိုတာသိလိုက်ရသည်နှင့် မျက်နှာကိုပိုတည်ထားလိုက်သည်။သူနဲ့ဖန်ရှင်းကြားမှာတော့ တရားမဝင်တဲ့ ထိုအဆင့်အတန်းကြီးကို မထားချင်။

ရုတ်တရက် ရှောင်းကျန့်ကျောပေးထားသည့်
ဖန်ရှင်းမှ မတ်တပ်ထရပ်လိုက်သည်။အခေါ်အဝေါ်အကြောင်း ညှိနိုင်းတော့မယ်လို့ထင်လိုက်
ပေမဲ့ ရုတ်တရက် နောက်ကနေအုပ်မိုးလို့ ပေါင်ပေါ်တင်ထားသည့်သူ့လက်တွေဆွဲယူခံလိုက်ရပြီးလေပေါ်မြောက်တက်သွားသည်။။အားပါပါ ဆွဲလိုက်သေးတာမို့မထိန်းနိုင်တော့သည့်ကိုယ်က ပက်လက်အနေအထားဖြစ်ချင်ချင်လဲသွားသည်။

Chit Tee{Completed}Where stories live. Discover now