Part 30

4.5K 744 116
                                    

"နန်းတော်ပြန်လိုက်ခဲ့။ဒီမှာနေခဲ့မယ်ဆိုတာတော့
မဖြစ်ဘူး!"

တစ်နန်းတော်လုံး ခေါ်လာသလား အောက်မှတ်
ရတဲ့အထိ မယ်တော်နှင့် သူ၏အခြွေအရံတို့က
သူနဲ့ ရှောင်းကျန့် စံမြန်းရာ ချစ်ဂေဟာလေးဆီ
မုန်တိုင်းခေါ်လို့ လာရောက်နှောင့်ယှက်လေပြီ။
အမြှောက်အပင့် မုတ်သုန်လေအဖြစ် ကျိုးချန်မှ
အားဖြည့်ပေးပြီး တစ်ကိုယ်လုံးပါပါ၊တစ်ပိုင်းပဲ
ပါပါ ရိပေါ် ပါလာရင်ပြီးရော ဆိုသည့်ပုံစံ။

"မလိုက်ဘူး။ကျွန်တော် ရှောင်းကျန့်နဲ့ပဲ
နေခဲ့မှာ"

မယ်တော်ကား စုပ်တစ်ချက်သပ်သည်။
ကျိုးချန်ကား မဲ့ရွဲ့ရွဲ့။သူ့ ချစ်တီးလေးကတော့
လက်မောင်းသားကိုသာ အားကိုးတကြီး
ကိုင်ထားပြီး ဘာမှ ဝင်မပြောချေ။

"ယုလီနဲ့မင်း ရှာသွားတဲ့ပြဿနာက
သေးသေးလေး မဟုတ်ဘူး ရိပေါ်။အခု
လီမင်းကြီးနဲ့ ငါတို့နိုင်ငံရဲ့ သံတမန်ရေးရာ
ကိစ္စတွေ ဘယ်လိုလုပ်ကြမလဲ"

"လီမင်းကြီး နားမလည်ဘူးလား။သူ့သမီးက
ခိုးပြေးသွားပါတယ်လို့ ကျွန်တော်ပြောလိုက်
ပြီးသားပဲဟာ။ဘာလိုသေးလို့လဲ"

"ကျစ်!နားလည်ပေမဲ့ ဘာကြောင့် ဒီလိုဖြစ်သွားလဲ သူနားမလည်ဘူး။ဒီလိုအချိန်မှာ
မင်းက သူ့ကို နန်းတော်ခေါ်လာမယ်ဆိုရင်
သူယုံကြည်ပုံအပ်ပြီး သမီးတော်ကို အပ်ထားမိတဲ့လူက အစတည်းက သူ့သမီးအတွက်ရှိမနေဘူးဆိုတာ သိပြီး သူ့အရှက်ကို ခွဲသလို
ဖြစ်မနေဘူးလား။"

ငြိမ်ကျသွားသည့် ရိပေါ်ကား ဘာမှမပြောတော့။
ရှောင်းကျန့်ကို စောင်းငဲ့ကြည့်တော့
နားမလည်သည့် နန်းတော်အရေးတွေ
သူစိတ်ဝင်စားပုံမပေါ်။'မပြန်ပါနဲ့'လို့
ပြောနေသည့် ထိုမျက်ဝန်းလေးကြောင့်
ရင်ထဲ ခဲဆွဲထားသလို လေးကန်သွားရသည်။

"ကိုယ် မသွားပါဘူး.."

ထိုသို့ချွေးသိပ်စကားလေး ပြောလိုက်
တော့လည်း ငယ်နေသည့် မျက်နှာလေးကား
ထိုအတိုင်းပင်။သူ့ကိုသာ ငေးကြည့်နေတာမို့ယရှောင်းကျန့်လက်ဖဝါးလေးကို ဆွဲယူလို့
သူ့လက်တွေကြား ဆုပ်ယူထွေးပွေ့ထား
လိုက်သည်။

Chit Tee{Completed}Where stories live. Discover now