Part 10

5.4K 928 105
                                    

"အခုတလော ၀မ်ရိပေါ်ခြေငြိမ်နေတယ်။
နန်းတော်အပြင်လည်းမထွက်တော့ဘူး။ယုလီလေး
လာမဲ့ကိစ္စကိုလည်း ငြင်းဆန်မနေဘဲလုပ်စရာ
ရှိတာလုပ်နေတာ။သူ ဆေးများမှားသောက်
သေးလား"

မယ်တော်ကြီးရဲ့တွေးဆဆစကားကို ဘေးနားမှ
ခင်ပွန်းဖြစ်သူက ခေါင်းငြိမ့်တယ်။ရှည်နေပြီ
ဖြစ်တဲ့နှုတ်ခမ်းမွေးတွေကိုပွတ်သပ်ရင်း
စဉ်းစားခန်းဝင်နေလိုက်တော့ စိတ်လက်တစ်ဆစ်
မိဖုရားခေါင်က မျက်စောင်းခဲနေပြီ။

"အရမ်းကြီးမျက်စိဒေါက်ထောက် လုပ်မနေ
ပါနဲ့ကွာ။သူလည်း အရွယ်ရောက်နေပြီဟာကို.."

"အရွယ်ရောက်နေလို့ စိတ်ပူရတာပေါ့။
အိမ်ထောင်ရက်သား ချပေးပြီး အဆင်ပြေပြေ
နေတာကိုမြင်ချင်လှပြီ။သူ့ရွေးချယ်မှုကို ကျွန်မ
စိတ်မချဘူး။တော်ကြာ ရှင့်သားက သီလရှင်ကို
ကောက်မယူလာဘူးလို့ ပြောနိုင်လား?"

အပိုတွေ မပြောနဲ့ လို့ပြောလိုက်ချင်ပေမဲ့ရိပေါ်
စိတ်ထဲ သူကိုယ်တိုင် ၀င်မကြည့်ဖူးလို့မသိဘူး
ပြောရမလား...
ဝမ်ရိပေါ်ဆိုတာ  လုပ်ချင်တာလုပ်တဲ့ ပြန်မပြော
နားမထောင် ဘုရင်လောင်းပဲလေ။

"ပြီးတော့အလုပ်အကျွေးဆောင်ရဲ့ ဖုန်းအကြီးကဲ
ပြောတာ မနေ့ကညက ရိပေါ်သူတို့အဆောင်ကို
လာတယ်တဲ့"

"တစ်ခုခုသွားလှူတာ နေမှာပေါ့။ကိုယ့်သား
အကြောင်းမသိတာလဲ မဟုတ်ပဲနဲ့"

"အဲ့အလှူအတန်းကို လိုက်ပိတ်ပင်ရတာလည်း
လူစင်စစ်ကနေ ပြိတ္တာဖြစ်တော့မယ်။
ဘုရင်လောင်းက ဘုရင်လောင်းလိုနေပါဆိုတာ
ဘယ်လိုမှ နားချလို့မရဘူး"

လှူချင်သပဆို အလှူကြီးအတန်းကြီးပေးပြီး
ပြည်သူအချစ်ကိုခံလို့ရလျှက်နဲ့ လက်ဖြန့်လာသမျှ
ပစ်ထည့်ပေးတတ်တာကြီးကို မိဖုရားက
မကြိုက်တာ။

သူရွေးချယ်တဲ့လက်တွဲဖော်က ထိုအရာတွေကို
ပြင်ပေးနိုင်မယ်လို့ မျှော်လင့်မိတာပါပဲလေ ...

💸💸💸💸💸

"အရှင့်သားကို ပို့ပေးဖို့ မင်းတာဝန်ကျတယ်.."

လက်ထဲရောက်လာတဲ့စားဖွယ်စုံတွေကို ဦးဆောင်
ပို့ပေးရမှာသူတဲ့။ရိပေါ် စီထားတဲ့အကွက်မှန်း
ပြောစရာမလိုအောင်သိသည်။

Chit Tee{Completed}Where stories live. Discover now