Part 23

4.1K 742 27
                                    

"ဟိုဘက်အခန်းထဲမှာပါ အရှင့်သား.."

မှုးမတ်စကားကြောင့် အပြေးသွားဖို့ပြင်လိုက်သည့်သူ့ခြေထောက်တွေကို ကျိုးချန်က တားသည်။

"အမူအယာမပျက်စေနဲ့လေ။စားစရာတွေ့တဲ့
အငတ်လိုပဲ အငမ်းမရနဲ့.."

ပြောပြီး သူ့ကိုမျက်စောင်းတစ်ခုလက်ဆောင်ပေးသွားသေးသည်။မာန်ပါသည့်ချောင်းဟန့်သံတစ်ခုကိုလုပ်လို့ အနည်းငယ်ပုံပျက်နေသည့်ဝတ်ရုံစကို ဆွဲချလိုက်သည်။မြင်ယောင်ပါသေးသည်...

သူ့ကိုအားကိုးတကြီး စောင့်နေမဲ့ကောင်လေးကို။

ထောင်ခန်းတွေအဆင့်ဆင့်ကျော်ဖြတ်ခဲ့အပြီးမှာတော့ အမှောင်သိပ်သည်းလွန်းသည့်အခန်းတစ်ခုရှေ့ ရပ်မိသည်။ထောင်မှူးက သော့ကို
ကတန်းကမန်းလာဖွင့်ပေးပြီး တံခါးကိုအရံသင့်
ဖွင့်ပေးသည်။အခန်းထဲက မြက်ခြောက်တွေပေါ်
ခြေအရင်ချပြီးသည်နှင့် နောက်က ထပ်ဝင်လာသည့်လူတွေကို မျက်မှောင်ကျုံ့လို့ လည်ပြန်ကြည့်လိုက်သည်။ထွက်သွားဖို့အရိပ်အယောင်ပြသည်မှန်းသိသည်နှင့် ရိပေါ်အနားမှာဘယ်သူမှမရှိတော့။

"မင်း!!"

ခပ်မိန့်မိန့်ကြီးကျန်ခဲ့သည့် ကျိုးချန်ကို လှမ်းဟန့်တော့ အထူးအဆန်းလိုပြန်ကြည့်ရင်း သူ့ကိုယ်သူလက်ညိုးပြန်ထိုးလို့ မေးခွန်းထုတ်လာသည်။

"ငါက ဘာလို့..!"

"အမိန့်!"

ကျိုးချန်ရဲ့သက်ပြင်းချသံကိုကြားလိုက်ရပြီး
တံခါးပေါက်ကိုပါ ဆောင့်ကန်သွားသေးသည်မှန်း
ရိပေါ်အကုန်သိလိုက်သည်။အားလုံးအနားမှာမရှိတော့မှ ရယ်ချင်နေသည့်မျက်နှာပိုးကိုသတ်လို့
ကောင်လေး ရှိရာ ခပ်ဖြည်းဖြည်းလေး လှမ်းလာခဲ့လိုက်သည်။မီးရောင်သဲ့သဲ့လေး အောက်မှာလဲလျောင်းနေသည့် ခပ်ကွေးကွေးကိုယ်လေးကို
ဆတ်ခနဲ ပွေ့လိုက်ရင်များ လန့်ပြီးထအော်လေမလား။သူဆိုတာများသိသွားရင် ငိုကြီးချက်မနဲ့
ခပ်တင်းတင်းဖက်တွယ်လာလေမလား...

အတွေးနဲ့တင်အသည်းယားလို့ ခုန်ပေါက်ချင်နေသည့်ခြေထောက်တွေတောင်နည်းနည်းလေထဲမြောက်သွားသည်။တဖြည်းဖြည်းနီးလာပေမဲ့
ရှောင်းကျန့်က မနိုး။ဝတ်ရုံစကို လက်ပေါ်အောင်
မ တင်လို့ ဆွဲမတော့မည့်သူ့လက်ချောင်းတွေကို
နည်းနည်း အလုပ်ပေးမိသည်။ပစ်မှတ်တွေ့သလို
မျက်လုံးတွေနှင့် မသိလိုက်ပါဘဲအောက်နှုတ်ခမ်းကို ကိုက်ထားမိသည့် သူ့ပုံစံက တစ်ခုခုနှင့်တူနေတော့မှာတော့အသေအချာ။

Chit Tee{Completed}Where stories live. Discover now