"လွှတ်ပေး..အင့်!"
အတင်းချုပ်ထားသည့်ရိပေါ်ကိုတွန်းထုတ်မိတော့
ရှောင်းကျန့်အရှိန်မထိန်းနိုင်ပဲ အိပ်ယာပေါ်
လဲကျသည်။ရိပေါ်ပြေးထူဖို့ လုပ်လိုက်ပေမဲ့
အလျင်အမြန်ပင်မြောက်တက်လာသည့်
ခြေဖဝါးလေးကရိပေါ်မျက်နှာတည့်တည့်။"ဆက်...ဆက်တိုးလာရင် ကန်မှာနော်"
ရိပေါ်လက်က မလှုပ်ရှားတော့ဘဲ ငြိမ်သွားခါမှ
လဲနေရာမှထထိုင်ရင်း နှုတ်ခမ်းတွေကိုလက်ခုံ
နဲ့သုတ်သည်။မီးခွက်လေးကို မီးစာညှိနေရင်းက
နောက်ကျောမလုံသလို လှည့်လှည့်ကြည့်ပြီးမှ"ပြန်...ပြန်တော့"
"မင်းအဆင်ပြေတယ်မဟုတ်လား"
"ပြေတယ်။ပြန်တော့"
"ဘာလို့အတင်းနှင်နေတာလဲ။ပြန်မှာပါ"
ဘာမှမဖြစ်သလိုပင် တံခါးတွေကိုတွန်းတိုက်ထွက်
သွားသည့်ရိပေါ်။တစ်ယောက်တည်း ကျန်ခဲ့
ခါမှ ကိုယ့်ရင်ဘတ်ကိုပြန်ဖိလို့ လေပူတွေ
မှုတ်ထုတ်မိသည်။"ငါဘာတွေလုပ်ခဲ့တာလဲ။သေစမ်း..ရှောင်းကျန့်
သေစမ်း!!!!"ခပ်ကြိတ်ကြိတ်ရေရွတ်ရင်း ကိုယ့်ခေါင်းကိုယ်
မနာအောင်ထုမိသည်။ပထမဆုံး အနမ်းလေး
ကတော့ဖြင့် မလှမပနှုတ်ဆက်သွားချေပြီ။💸💸💸💸💸
"အစ်ကိုရှောင်းကျန့်...နှုတ်ခမ်းကဘာဖြစ်တာလဲ"
ဖန်ရှင်းမေးခါမှ ကိုယ့်နှုတ်ခမ်းကို အလန့်တကြား
ဖိအုပ်မိသည်။စိတ်မရှည်သည့် ဖန်ရှင်းက
အုပ်ထားသည့် ရှောင်းကျန့်လက်တွေကို
အတင်းနဲ့ဆွဲဖယ်ရင်းမှ"ဖယ်ပေး။ကျွန်တော်ကြည့်မယ်။
တစ်ယောက်ယောက်အနိုင်ကျင့်ထားတာလား""မ..မဟုတ်ဘူး။ချော်လဲတာ"
"တကယ်လား?"
"တကယ်ပါ"
ထိုအခါမှစိတ်ကျေနပ်သွားသလို လုပ်စရာရှိတာ
လုပ်နေသည်။ဒီနေ့ စားဖိုဆောင်မှာ ကွပ်ကဲဖို့
တာဝန်ကျလို့ သူနဲ့ဖန်ရှင်းဆုံမိခြင်းပင်။
စားဖိုမှုးအချို့နေမကောင်းတာကြောင့် လူလိုနေမည့်စားဖိုဆောင်မှာ သူတို့
နှစ်ယောက်လုံးဝင်လုပ်ကူနေလိုက်သည်။
YOU ARE READING
Chit Tee{Completed}
Fanfictionကပ်စေးနည်းကော်တရာ ရှောင်းကျန့်တစ်ယောက် ဝေသန္တရာပေါ်ကြီးနှင့် ဆုံမိသောအခါ ကပ်စေးနည်းကော်တရာ ရှောင်းကျန့်တစ်ယောက် ဝေသန္တရာပေါ်ကြီးနှင့် ဆုံမိသောအခါ