Part 26

4.2K 755 50
                                    

တိတ်ဆိတ်နေသည့် အိမ်ကြီးတစ်ခုထဲ
အသက်ရူသံပြင်းပြင်းတွေနှင့် ညည်းညူသံ
တစ်ချို့နေရာယူလျက်ရှိသည်။

"ရိ ရိပေါ်..အ! ဟ!!"

ရှောင်းကျန့်ရဲ့ လက်အစုံကား သူ့ဝမ်းဗိုက်ဆီ
အမှတ်အသားတွေပေးနေသည့် ရိပေါ်
ပခုံးတွေကို တွန်းထုတ်ဖို့ ကြိုးစားလိုက်သည်။
တွန်းထုတ်လာသည့် သူ့လက်တွေကိုရိပေါ်က
ကိုင်ချုပ်ရင်း လုပ်လက်စကိုမရပ်တန့်။
ရှောင်းကျန့်သာ သူ့ကိုယ်အောက်မှာ အလူးလူး
အလွန့်လွန့်နှင့် နေမထိထိုင်မသာ ဖြစ်လာရသည်။

ဘာလိုချင်လာလည်း သူကိုယ်တိုင်အသိဆုံးမို့
လွတ်ထွက်ချင်နေသည့်စိတ်တွေကို ပြန်စုစည်းလို့
ရိပေါ်ကို အားနှင့်တွန်းထုတ်လို့ လစ်ဟာနေသည့်
အဝတ်အစားတွေကိုပြန်ဖုံးရင်း ထထိုင်မိတော့
ရိပေါ်ဆီမှ နားမလည်နိုင်သည့်အကြည့်များကိုလက်ခံရရှိလာသည်။

"ဘာဖြစ်တာလဲ"

ရိပေါ်အသံကား အနည်းငယ်မျှ မာဆတ်ဆတ်နိုင်လွန်းသည်မို့ ရှောင်းကျန့်မှာ ရင်တုန်ပန်းတုန်။

"ငါ..ငါမလုပ်ဘူး။ငါတို့က ဘာမှမဟုတ်ဘူးရိပေါ်"

"ရှင်းရှင်းပြော။မင်း ဘာပြောချင်တာလဲဆိုတာ"

ကယောင်ခြောက်ခြားနှင့် သူ့မျက်လုံးတွေကား
ရိပေါ်ကို စုံမကြည့်ရဲ။

"ယုလီကို ငါတို့အားနာရမယ်။မင်းသူ့ကို
သစ္စာဖောက်လို့မဖြစ်ဘူး"

သူ့စကားအဆုံး ရိပေါ်ကာ ဆိတ်ဆိတ်သာစိုက်ကြည့်နေပြီး အံကိုကြိတ်လို့ခေါင်းတဆတ်ဆတ်ငြိမ့်သည်။

"ငါသိသွားပြီ။မင်းက ငါ့ကို ယုလီဆီအတင်းထိုးထည့်နေတာပဲ။သစ္စာဖောက်တယ်ပြောရအောင်ငါနဲ့ယုလီက ဘာမှမဟုတ်ဘူး။ငါသူ့ကိုချစ်တယ်ဆိုပြီးလည်း စကားမကျွံခဲ့ဖူးဘူး။ငါချစ်တာမင်းလို့ပြောထားတာ နားမလည်သေးတာလား"

ဖရိုဖရဲနှင့် ယုန်လေးကားသူ့ကိုအဓိပ္ပာယ်ပါစွာ
မော့ကြည့်လာသည်။ထို့နောက်...

"ငါမှမင်းကို မချစ်တာ..."

အသံတိုးတိုးလေးရဲ့ ထိုးနှက်အားက မည်မျြှပင်းလဲမသိ။ရိပေါ် တစ်ကိုယ်လုံး သွေးတွေ
အေးခဲသွားသလို ခံစားချက်နှင့် ဘယ်ဘက်ရင်အုံမှနှလုံးသားကား ခဏတာရပ်သွားသယောင်။

Chit Tee{Completed}Where stories live. Discover now