Part 29

4.6K 796 106
                                    

"အခုလို ပြုရတဲ့ကုသိုလ်ကြောင့် ရှောင်းကျန့်
ဘဝတစ်ခုလုံး ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာနဲ့စီးပွားလာဘ်လာဘတွေ တိုးပွားပါစေ..."

ဆုပေးသံကို ခေါင်းလေးငြိမ့်လို့သာ အသိအမှတ်ပြုသည့် ရှောင်းကျန့်။တစ်ခါမှ
မလှူဖူးလေတော့ ပေးတဲ့ဆုတွေ ပြည့်ဖို့တောင်
သူ မတောင့်တရဲ။တစ်ဘဝလုံး ကပ်စေးကုပ်ခဲ့လို့
အခုလို ဘာတွေ ဝမ်းနည်းမှန်းမသိ ဝမ်းနည်းတဲ့
ဒဏ်ကို ခံနေရတာမဟုတ်ပါလား...

"ရှောင်းချစ်တီးကတော့ လှူပြီ။မင်းတို့
ဖင်ချွတ်ပြေးမယ်ဆိုတဲ့ကိစ္စကရော.."

သူတောင်းစားလေးစကားကြောင့် ဘုန်းကြီး
ကျောင်းသားလေးတွေက ခပ်မဲ့မဲ့။

"အဲ့တာစကားအဖြစ်ပေါ့ကွ။ဘယ်သူကတော့
ဖင်ချွတ်ပြေးရဲမှာလဲ"

ကတိမတည်ဘူး ဆိုသည့် အကြည့်နှင့်ကြည့်သွားသည့် ထိုကလေးကို လေထဲကနေ လှမ်းခေါက်လိုက်မိကြသည်။

"ပြန်တော့မှာလား ရှောင်းချစ်တီး"

ညိုမှိုင်းနေသည့် ထိုမျက်နှာလေးနှင့်
သနားစရာ​ကောင်းအောင် သူ့ကိုကြည့်သည်။
ရှောင်းချစ်တီးက လောကကြီးကိုအရူံးပေးထား
သလိုမျိုးပဲ...

"အရမ်းအိပ်ချင်နေပြီ။ပြန်တော့မယ်"

"ဆန်ပြုတ်ကရော။ကျွန်တော်က ဘုန်းကြီးကျောင်းလာတယ်ကြားလို့ အိမ်တောင်
မပြန်ဘဲ တန်းလာပို့တာ။ယူသွားလိုက်တော့"

လက်ထဲထိုးထည့်လာသည့် ဆန်ပြုတ်ဗူးလေးကို
ရှောင်းကျန့်အသာဆွဲယူပိုက်ထွေးရင်း
ဘုန်းကြီးကျောင်းထဲမှ လှုပ်လီလှုပ်လဲ့သာ
ထွက်သွားရှာသည်။သူ့ကျောပြင်ကိုငေးလို့
မှတ်ချက်ချလိုက်သည့် ဘုန်းကြီးကျောင်းသား
လေးတွေက...

"ကြည့်ရတာ အကြွေးတွေ
မပေးကြဘူးထင်တယ်"

💸💸💸💸💸

ကိုယ်လှမ်းမိသည့်ခြေလှမ်းတွေကိုသာ
ငုံ့ကြည့်ရင်းပတ်ဝန်းကျင်ကိုလျစ်လျူရူထားမိလိုက်သည်။ခေါင်းငိုက်စိုက်နှင့်သူ့ပုံစံကို
မသိမသာကြည့်သွားကြသူတွေလည်းရှိသလို သိသိသာသာကြည့်သွားကြသူတွေလည်းအများသား။အိမ်ပေါက်ဝရောက်မှန်းမသိရောက်လာလေတော့ ပွင့်ဟနေသည့် ခြံတံခါးကြောင့်
နည်းနည်းတော့ တွေဝေသွားရသည်။
သူတံခါးသေချာပိတ်ခဲ့သည်ကိုဘယ်လိုဖြစ်လို့...

Chit Tee{Completed}Where stories live. Discover now