Part 2

7.6K 1.2K 170
                                    

"စူပုပ်နေတာပဲ။ဘုန်းဘုန်း ဆူလိုက်လို့လား"

"ရှောင်းချစ်တီး ရောက်နေတယ်!"

ဆွမ်းစားပြီးချိန်မို့ ပန်းကန်ယောက်ခွက်ဆေးနေတဲ့
ကျောင်းသားလေးသုံးယောက်။စားပြီးသားပန်းကန်
တွေသယ်လာတဲ့ ကလေးက စူပုပ်နေပြီး
ဆပ်ပြာတွေနဲ့သန့်စင်နေတဲ့ ကောင်လေးကတော့
အပြုံးလေးနဲ့ ခေါင်းယမ်းတယ်။အ၀တ်ပိုင်းနဲ့
ရေသုတ်နေတဲ့ ကောင်လေးကတော့ ကြောင်စီစီ။

"ရှောင်းချစ်တီးဆိုတာ..."

အ၀တ်ပိုင်းလေးနဲ့ သုတ်တာခဏရပ်လို့ အမေးပြု
လိုက်တော့ဆပ်ပြာအိုးထဲစိမ်ထားတဲ့လက်တွေကို
ထုတ်ရင်း အဖြေပေးလာတဲ့တစ်ယောက်။

"သူက မြို့သူဋ္ဌေး။အဲ့တာ ကျောင်းရောက်နေလို့"

"ဟုတ်လား။တစ်ခုခု လှူမို့ထင်တယ်..."

ထိုကောင်လေးကလူသစ်မို့ရှောင်းကျန့်အကြောင်း
မသိဘဲပြောလိုက်တော့ ကျန်နှစ်ယောက်ရဲ့
မဲ့ရူံ့သွားတဲ့မျက်နှာတွေ။

"သူလို လူက လှူမယ်ဆိုရင်တစ်မြို့လုံးဖင်ချွတ်
ပြေးကြလိမ့်မယ်။နာမည်ပြောင်ကိုက ရှောင်း
ချစ်တီးတဲ့။ကပ်စေးနည်းလား မနည်းလား
နေ့လယ်စာကို ဘုန်းကြီးကျောင်းလာကပ်စား
တာပဲကြည့်"

"ဟင်!ဆွမ်းကျန်လာစားတာလား"

"အဟုတ်ပဲ။စောစောက ကျောင်းစောင့်ခွေးတွေ
ဟောင်နေတာ သူ့ကို။ဆွမ်းပို ဟင်းပို အကုန်
အထုတ်သယ်မှတော့ ကျောင်းကခွေးတွေက
သူတို့ လာဘ်လာဘ ထိခိုက်လို့ မကျေနပ်ဘူး"

ထိုကျောင်းသားက ပြောပြီးသည်နှင့်ဆပ်ပြာမြုပ်
တွေကို ပိုထစေရန်လက်နှင့်ကစားလိုက်သည်။
မေးလိုက်မိသည့် ကျောင်းသားလေးမှာတော့
အ၀တ်ပိုင်းလေးကိုင်ကာ အတွေးငိုင်လို့
ကောင်းတုန်း...

"ဟေ့...ကောင်လေးတို့"

ရွှင်မြူးနေသည့်အော်သံနှင့် အနားရောက်
လာသည့် ဖြူဖြူသန့်သန့် အကိုကြီးတစ်ယောက်။
ကျောင်းသားသစ်လေး လာခဲ့သည့်နယ်ရွာလေးမှာ
ထိုမျှချောသည့် လူမတွေ့ဖူးတာကြောင့်
ငေးကောင်းကောင်းနဲ့ငေးနေပေမဲ့ သူ့ဘေးမှ
အဖော်တွေကတော့ ဟိုဖုံးဒီဖုံးလုပ်ကုန်ပြီ။

Chit Tee{Completed}Kde žijí příběhy. Začni objevovat