Part 13

5.2K 941 42
                                    

"ဒီည မင်းအိပ်ဆောင်ရောက်ရင် အစောမအိပ်နဲ့
ကြားလား?"

ရေသန့်စင်ပေးနေရင်း ပြောလိုက်သည့် ရိပေါ်
စကားကြောင့် ရေလောင်းနေသည့်ရှောင်းကျန့်
လက်တို့ ရပ်တန့်သွားရသည်။ရေစည်ဘောင်ပေါ်
အသာယာပင်မှီရင်း မျက်လုံးတွေကိုမှိတ်ထား
သည့်ရိပေါ်က ရှောင်းကျန့်လက်ချောင်း
တွေကြောင့် လုံးဝဇိမ်ရနေပုံ။

နှင်းဆီပွင့်ဖတ်တွေအပြည်နှင့် ရေစည်ထဲ
ရိပေါ်ကိုယ်အထက်ပိုင်းက ကျစ်လစ်စွာပေါ်
နေသည်။ဖြန့်ချထားသည့်ဆံနွယ်တွေနှင့်
လန်းဆန်းနေသည့်မျက်နှာကြည်ကြည်က
အပြစ်ပြောစရာမရှိ။
အရင်က ရေချိုးခြင်းအမှုကိုကိုယ့်ဖာသာ
ကိုယ်လုပ်တတ်သည့် ရိပေါ်က ရုတ်တရက်
လာဖိနှိပ်သည့်လက်ချောင်းနွေးနွေးလေးတွေ
ကြောင့် ငွေသံပေးပြီး အနှိပ်ခိုင်းခြင်း။
ရေလေးတစ်ခွက်လောင်းချလိုက် လက်ချောင်းလေး
နှင့်ဖိလိုက်လုပ်နေသည့် ရှောင်းကျန့်ကြောင့်
ရိပေါ်အအေးပက်မှာတောင်ကြောက်နေရပြီ။

"ငါပြောတာကြားလား?"

"ကြားပါတယ်။ပြန်ပြောမလို့ စကားရှာနေတာ။
အိပ်ဆောင်ကိုဘာလာလုပ်မလို့လဲ"

"ဘာလာလုပ်လုပ်ပေါ့။မင်းက မအိပ်ဘဲ
စောင့်နေရုံပဲ"

ကြွပ်ဆတ်ဆတ်နှင့် ထိပ်ပိတ်ထုချင်စရာ
ကောင်းသည့်ဘုရင်လောင်းပါပင်။

"အရမ်းကြီးနောက်မကျနဲ့နော်။ကျွန်တော်
မစောင့်နိုင်လို့"

"မစောင့်နိုင်ရင်အိပ်ပေါ့။လစာထဲက ဖြတ်လိုက်
ရုံပဲကို..အ...အား အရမ်းမနှိပ်နဲ့လေ"

စည်ပိုင်းမှာကျောကပ်ထားသည်ကို ခွာရင်း
နာသွားသည့် ပခုံးကိုလက်နှင့်ဖိလိုက်ရသည်။
လှည့်ကြည့်မိတော့ သူမဟုတ်သလိုမျက်လုံး
တွေနဲ့ ယုန်ပေါက်စလေးလို...

"ငါ့ကို အနုနည်းနဲ့သတ်မလို့လား?"

"မဟုတ်ပါဘူး။အထင်မလွဲပါနဲ့။အကြောမိ
သွားလို့အရမ်းနာသွားတာပါ"

မယုံသလိုယုံသလိုနှင့်ကြည့်ပြီး ရိပေါ်က
ကျောကိုစည်ပိုင်းမှာ ပြန်ကပ်ပေးသည်။
ညင်ညင်သာသာလေးထိတွေ့လာသည်မို့
သံသယ မ၀င်တော့ဘဲ ကျေနပ်စွာပြုံးနေသည့်
ရိပေါ်နှင့် မေ့ကြောရှာနေသည့်ရှောင်းကျန့်..။

Chit Tee{Completed}Where stories live. Discover now