Part 15

5.1K 953 77
                                    

"နောက်...နောက်ထပ် တစ်နာရီလောက်...!"

လက်ညိုးလေးတစ်ချောင်းထောင်ရင်း
မျက်နှာငယ်လေးနှင့်တောင်းဆိုရှာသည့်သူ့ကို
ထောင်မှူးကြီးက စိတ်ပျက်သလိုစုပ်သတ်သည်။

"မရတော့ဘူး။တစ်နာရီတွေများနေပြီ။နေ၀င်ရင်
အမှုမှန်သမျှစီရင်ရတာ ထုံးစံပဲ။မယ်တော်ကြီး
ကိုယ်တိုင်ကိုက ထုတ်ပြန်ထားတဲ့ဥပဒေကွ။
မင်းကြောင့်ငါတို့ပါ ဒုက္ခအရောက်မခံနိုင်ဘူး!"

ပြောပြီးသည်နှင့်ရှောင်းကျန့်ကို ခုံပြားကြီး
တစ်ခုပေါ် မှောက်တင်ကြသည်။ငယ်သံပါ
တဲ့အထိ အော်နေသည့်ရှောင်းကျန့်ကြောင့်
ထောင်မှူးမှာ အပြစ်ပဲပေးရမလို သူ့ပဲချော့ရမလို။

"ဟေ့ကောင်!တိတ်တိတ်နေ"

"မနေပါဘူး။အပြစ်မရှိဘဲ အရိုက်ခံရမှာ
ဘယ်သူကတိတ်ပေးနိုင်မှာလဲ။အိမ်ပြန်မယ်
မာမား....အီး..ဟား...!!!!!"

အသံပေါင်းစုံနှင့်အနှီကောင်လေးကြောင့်
ခေါင်းသာကုပ်မိသည်။

*ဖြန်း*

ကြိမ်လုံးအဖျားလေးကျောပေါ်ကျသွားသည်နှင့်
အငိုတိတ်သွားသည့်ရှောင်းကျန့်။ငိုလွန်းလို့
ဖောင်းအစ်နေသည့်မျက်လုံးလေးက အနည်းငယ်
ပြူးကျယ်သွားသည်။နောက်ထပ်ကျလာသည့်
ရိုက်ချက်တိုင်း အသံသေးသေးလေးပင်
မထွက်။ထောင်မှူးမှာရိုက်ရင်းနဲ့အသက်ထွက်သွား
မှာကြောက်လို့ သတိတရပြန်ပြန်ကြည့်ရ
သေးသည်။

အချက်နှစ်ဆယ်အရောက်မှာတော့ အကျီ င်္အနီစ
လေးပေါ်မှာ သွေးကွက်ညိုညိုတို့စုလာသည်။
ရပ်လိုက်ချင်ပေမဲ့ အိမ်ရှေ့စံကိုတိုက်ခိုက်လျှင်
အပြစ်ကြီးသည်မို့ သူတို့လည်းမရပ်ရဲ။

"သုံးဆယ်ထိခံပါ့မလား?"

တပည့်စကားကြောင့်သူလည်းသက်ပြင်း
ချမိသည်။ကြိမ်ဒဏ်၅၀ဆိုတာ ပေါ့သေးသေး
ပြစ်ဒဏ်မှမဟုတ်တာလေ။

"၂၅ထိတစ်ဖြတ်ရိုက်ပြီး.....!!အိမ်ရှေ့စံ?"

သူနှင့်တပည့်ဖြစ်သူစကားပြောနေတုန်း အခန်းထဲ
ဒရောသောပါးပြေးဝင်လာသည့်အိမ်ရှေ့စံ။
အပြစ်ပေးခုံပေါ်မှ ကောင်လေးကိုမြင်ပြီး
ခြေလှမ်းတို့ရပ်တန့်သွားရှာသည်။

Chit Tee{Completed}Where stories live. Discover now