Part 31

4.7K 865 116
                                    

ပျောက်သောသူ ရှာလျှင်တွေ့ဆိုသည်အတိုင်းပဲ
တစ်လလောက် မြေလှန်လိုက်ရပြီးသကာလမှာတော့ ရိပေါ်ရဲ့ တပ်မူးမတ်တွေ ကျွမ်းကျင်မှုဖြင့်
ယုလီနှင့် ကျုံရှင်းက သူတို့ရှေ့ ကိုယ်တိုင်
ကိုယ့်အား ကိုယ်ကိုးပြီး ရောက်လာပေးသည်။

ပြုံးစစနှင့် ယုလီက သူ့ခမည်းတော်ကြည့်ပြီး
ဘေးနားမှ ကျုံရှင်းကို ပြန်ကြည့်သည်။

"ခမည်းတော် ကျန်းမာပါရဲ့လား"

ယုလီ၏စကားမှာ လီမင်းကြီးက ဒေါသတို့ကို
မျိုချလို့မျက်နှာလွှဲသည်။ကျုံရှင်းသည်ကား
မြေကြီးထဲ ခေါင်းထိုးတော့မတတ် အနေအထားနှင့် တုန်ယင်နေလေပြီ။

"ခမည်းတော် စိတ်ဆိုးနေတာလား။စိတ်မဆိုးပါနဲ့
ခမည်းတော်ရယ်။ယုလီလည်း နောင်တရပါတယ်။အပြစ်စလုပ်မိကတည်းက ခမည်းတော်
အကြောင်းပဲ တွေးနေမိတာ။"

စခိုးမယ်ကြံတည်းက အစီစဉ်ချနေရတာနဲ့တင်
မအားတဲ့ ယုလီက ဒီစကားပြောတော့
သူနည်းနည်း ရယ်လိုက်မိသည်။ချစ်မိပြီးတဲ့အခါ
ဘာမဆို ပလီပလာပြောတတ်လာသည်က
အဆန်းတော့မဟုတ်။

"ယုလီလုပ်ရပ်က မှားတယ်ဆိုတာ သိတာမလို့ခမည်းတော်က စိတ်ဆိုးပြေပြီး သမီးတို့
နှစ်ယောက်ကို လက်ခံပေးလေနော်.."

ချောင်းဟန့်သံနဲ့တကွ လီမင်းကြီးက
ခပ်ကုပ်ကုပ်လေးထိုင်နေသည့် ကျုံရှင်းကို
လှမ်းကြည့်သည်။ထို့နောက်

"ငါ့ကို နှုတ်တောင်မဆက်တဲ့ သမက်မျိုးကို
လက်ခံရမှာ ရင်တော့ ခပ်လေးလေးပဲ.."

ဝင်းလက်လာသော ယုလီမျက်နှာလေးနှင့်
တအံ့တသြ မော်ကြည့်လာသော ကျုံရှင်း။

"ခ...ခမည်းတော် လက်ခံတယ်ဆိုတဲ့ သဘောလားဟင်"

"ငါ့သမီးက ဒီသမက်အရိုင်းအစိုင်းကိုမှ
ချစ်လှပါချည်ရဲ့ဆိုတော့ ငါကိုယ်တောဘယ်တတ်နိုင်တော့ပါ့မလဲ။"

ပြုံးရွှင်သွားသည့်ယုလီက ထိုင်နေရာမှထလို့
လီမင်းကြီးအား ပွေ့ဖက်လာသည်။ကျုံရှင်း၏
ဇီးရွက်သာသာ မျက်နှာလေးလည်း အခုမှ
လပြည့်ဝန်းကြီးလို ပြဲကားကား။

Chit Tee{Completed}Where stories live. Discover now