Part 27

4.2K 772 34
                                    

"ချန်းစုံးမြို့က တကယ်စည်ကားတာပဲ။
ပင်လယ်ကမ်းစပ်မြို့လေးဖြစ်သလို အရမ်းလည်းလှတယ်။အိမ်ရှေ့စံဝမ် အုပ်ချုပ်ရမဲ့
တိုင်းပြည်က လုံးဝကို ပြီးပြည့်စုံနေတော့တာပါပဲ"

ယုလီခမည်းတော်ရဲ့ ချီးမွမ်းထောပနာတွေကို
ဟန်လုပ်ပြုံးရင်း ခေါင်းညိမ့်ပြမိသည်။
ရှေ့က သေရည်ခွက်ကို ကိုင်မြှောက်လို့
အသိအမှတ်ပြုသလိုပြတော့ ပြာပြာသလဲ
သေရည်ခွက်ကောက်ကိုင်သည့် ယုလီခမည်းတော်။

"ကျွန်တော့်သမီး ယုလီလေးက တော်ရဲ့လား။
အိမ်ရှေ့စံအပေါ် ဆိုးတာတွေရော ရှိလား"

သူခေါင်းကိုသာ ရမ်းရင်း စိတ်ထဲကပါပါရယ်မောပြမိသည်။

"သူမက တကယ်တော်လွန်းတဲ့ အမျိုးသမီးပါ။
တစ်နေရာမှ အပြစ်ပြောစရာမရှိအောင်
ပြည့်စုံလွန်းတဲ့ မိန်းကလေး။တကယ်ကို အိမ်ထောင်ဖက်ကောင်း ဖြစ်မှာကျိန်းသေပါပဲ"

"ဟား ဟား ဟား..အဲ့လိုဆိုတော့ ကျွန်တော်
စိတ်ချရပြီပေါ့။ယုလီလေးကို သင့်တော်တဲ့
လူတစ်ယောက်နဲ့ လက်ထပ်စေချင်တာ
အခုတော့ ဒီအဖေရဲ့ဆန္ဒပြည့်ပြီ"

သေရည်ခွက်ကိုသာ စိုက်ကြည့်လို့ ရိပေါ်
အဓိပ္ပာယ်ပါစွာပြုံးလိုက်မိသည်။သူ့အပြုံး​ကိုသတိထားမိသွားသည့် မင်းကြီးက အရယ်ရပ်ကာ
သူပြောလာမည့်စကားတို့ကို စောင့်ဆိုင်းနေတာမို့

"မင်းကြီးက ယုလီကို သိပ်ချစ်တာပဲနော်"

"ဒါပေါ့။မိတဆိုးလေးမလို့ သေချာထိန်းကြောင်းပြီး ချစ်ပေးရတာပေါ့။ယုလီလေးကလည်း
ဖအေဖြစ်သူစိတ်ညစ်အောင် တစ်ခါမှမလုပ်ခဲ့ဖူးဘူးလေ။ဖအေက ဒါဆို သူကလည်း ဒါပဲ"

"ကျွန်တော်ခံစားမိပါတယ်။ယုလီက ဖခင်ဖြစ်သူကို အရမ်းချစ်ပြီး သူ့ကြောင့်စိတ်ညစ်မှာ မလိုလားတာကို။အဲ့လောက်လိမ္မာတဲ့ကလေးကို
တစ်သက်လုံးပျော်ရွှင်ရအောင် ကိုယ်ပိုင်
ရွေးချယ်ခွင့်လေးပေးရင်သိပ်ကောင်းမှာပဲ"

ဆိတ်ကျသွားသည့် မင်းကြီးက သူ့ကိုသာ
စိုက်ကြည့်နေတာမို့ နောက်ကိုယို့လို့
လက်နှစ်ဖက်ကို ယှက်ကာအရိုအသေပေးမိတော့
အသည်းအသန်လာတားရှာသည်။

Chit Tee{Completed}Where stories live. Discover now