Part 18

5.9K 911 65
                                    

ပွေ့ထားသည့်ကိုယ်လေးကို အိပ်ယာပေါ်
အသာယာတင်လိုက်တော့ ရိပေါ်လည်တိုင်ကိုတွယ်ဖက်ထားသည့်လက်သေးသေးလေးက
မဖြုတ်ပေး။မှိတ်ကျနေသည့် မျက်တောင်
လေးတွေနှင့် ပါးမို့ရဲရဲလေးက အနီးကပ်မြင်နေ
ရပြီး ရှိစုမဲ့စု ရိပေါ်သီလတို့ကို အဆုံးထိ
ဆွဲခွာသွားသည်။

ပြုံးယောင်သန်းနေသည့်နှုတ်ခမ်းရဲရဲလေးဆီ
အကြည့်ရောက်မိတော့ သူတို့နှစ်ယောက်လုံး
လက်ပစ်ကူးခဲ့မိသည့် အနမ်းရေယာဉ်ကြော
အကြောင်းက ခေါင်းထဲအလုအယက်တိုးဝင်
လာပြန်သည်။ကိုယ့်စိတ်ကိုယ် အသိဆုံးမို့
ရှောင်းကျန့်လက်တွေကိုဆွဲခွာဖို့ပြင်လိုက်ပေမဲ့

"အွတ်!!"

သူ့နှုတ်ခမ်းဆီတည့်တည့်မတ်မတ် နယ်ကျွံ
လာသည့် နှုတ်ခမ်းပိစိလေး။ခပ်ထွေးထွေး
နွေသည့် ထိုနှုတ်ခမ်းလေးဆီက သေရည်
အရသာတို့ကြောင့် ရိပေါ်မသောက်ဘဲ
မူးရပြန်ပြီ။

လာထိကပ်ထားစဉ်က အသိစိတ်လွတ်နေသည့်
ရိပေါ်တစ်ယောက်  ယုန်သွားလေးပယောဂနှင့်မှ
သတိပြန်ကပ်မိသည်။ကုတင်ပေါ် လက်တွေကိုထောက်လို့ မတ်တပ်ထဖို့ပြင်လိုက်ပေမဲ့
သူထလေ လည်တိုင်ကိုတွဲခိုပြီး လိုက်လာသည့်
ရှောင်းကျန့်​ကိုယ်လေးကြောင့် ထင်သလောက်
ခရီးမရောက်။တင်းနေအောင်ဆွဲချိတ်ထားသည့်
လက်လေးတွေကိုဆွဲဖြုတ်နေတုန်းသူ့နှုတ်ခမ်း
တွေကို အနမ်းချိုချိုတြွေဖင့် အားရပါးရ
လာသိမ်းပိုက်သည့်ကောင်လေး။

ကိုယ်ကိုမတ်အောင်ထိုင်လိုက်ရင်
ထိုလက်လေးတွေ ပြေကျသွားမယ်ထင်ခဲ့ပေမဲ့
လက်တွေ့မှာတော့ ရှောင်းကျန့်ကိုယ်သေးသေး
လေးက သူ့ပေါင်ပေါ် ရောက်နှင့်နေပြီ။

လုံးဝန်းသည့်ရှောင်းကျန့်အောက်ပိုင်းရပ်ဝန်း
လေးက ရိပေါ် ညီငယ်ဆီ လာဖိထိုင်ချိန်မှာတော့
အားကုန်သုံးလို့အနမ်းတွေကိုဖယ်လိုက်မိသည်။

"ရှောင်း..."

"ရူး....."

သူ့နှုတ်ခမ်းဆီထိကပ်လာသည့်လက်ညိုးလေး။
ရီဝေနေသည့်မျက်ဝန်းလေးတွေနှင့် ခဏတာ
အကြည့်ဆုံမိသည်ကပင် ရုန်းထွက်ဖို့
ပိုခက်ခဲစေသည်။နှုတ်ခမ်းပေါ်က လက်လေးတွေက တဖြည်းဖြည်းရိပေါ်ပါးပြင်တွေကို
ပွတ်သပ်သည်။ထိုမှတဆင့် ရိပေါ်နားရွက်ဖျားလေးတွေဆီကို ကူးသွားပြီး....

Chit Tee{Completed}Where stories live. Discover now