Part 24

4.2K 791 110
                                    

နှလုံးသားကိုဆွဲထုတ်ပြီး ဟိုးအမြင့်ကြီးပေါ်က
ပစ်ချ၊အောက်ရောက်တော့ တံစို့နဲ့ထိုးမိ၊
လမ်းသွားလမ်းလာ ကျီးကန်းတွေ တစ်ကောင်တစ်ချက်ထိုးဆိတ်ပြီး ပုရွက်ဆိတ်တက်နေတုန်း
ခွေးစားတာ ခံရရင်တောင်မှ ဒီလောက်
နာမယ်မထင်။ဘာဆိုဘာမှပြောခွင့်လေးတောင်
မရသေးဘဲ ဒီကောင်လေးက တာ့တာပြဖို့
ပြင်နေပြီ။

ဒီအချိန်ဒူးထောက်လိုက်ရမလား၊အမိန့်နဲ့
တော်ကောက်လိုက်ရမလား သူမသိ။
ပြောချင်တာပြောပြီး ခပ်ရေးရေးလေး
ပြုံးပြနေသည့် ရှောင်းကျန့်ကိုမျက်တောင်မခတ်
ရဲဘဲသာ စိုက်ကြည့်နေမိသည်။ဒီကိုယ်သေးသေးလေး ရုတ်တရက် ပျောက်သွားမှာတောင်
သူကြောက်သည်....

ဒီလောက်ထိ သူချစ်နေပြီးမှ...

"ဘာလို့လဲ။ကိုယ်တို့ သဘောတူထားတဲ့
ကိစ္စတွေကရော.."

"အဲ့တာက..."

"ပိုက်ဆံပိုပေးမယ်။အဲ့လိုဆို ရတယ်မဟုတ်လား"

"မဟုတ်ဘူး။ပိုက်ဆံကြောင့်မဟုတ်ပါဘူး။
အခုက..."

မျက်ဆံညိုလေးတွေနေရာအနည်းငယ်ရွေ့သွားပြီးမှ လုံးဝဖိမှိတ်သွားသည်။တစ်ခုခုပြောဖို့
အားယူလိုက်တာမို့ မျက်မှောင်လေးက
ခပ်ကျုံ့ကျုံ့။

"ကျွန်တော် ယုလီကိုအားနာလို့"

မျက်လုံးလေးတစ်ဖက်ဖွင့်လို့သူ့ကို
အသာခိုးကြည့်သည်။ရိပေါ်စိတ်ဆိုးသွားမလားဆိုတဲ့ အတွေးနဲ့ သူ့ရင်ဘတ်တွေက တဒုန်းဒုန်း။

"ဘာလို့အားနာတာလဲ"

သြရှရှနဲ့ရိပေါ်စကားသံက တည်ငြိမ်မှုအပြည့်။

"သူက မိန်းကလေးတစ်ယောက်။ပြီးတော့
တိုင်းပြည်တစ်ခုရဲ့မင်းသမီး။သူ့လို ပြည့်စုံတဲ့
လူကို ဘာမဟုတ်တဲ့ ကျွန်တော့်ကိုအသုံးချပြီး
ဆွဲခွာဖို့ကြိုးစားနေတယ်ဆိုတာ သူမသိက္ခာကို
စော်ကားနေတာပဲမဟုတ်ဘူးလား။"

"......"

"ပြီးတော့ ..အရှင့်သားက သူမနဲ့လိုက်ဖက်တယ်။
သူမကလည်းအရှင့်သားကိုချစ်ပြီး
အရှင့်သားကလည်း.."

"ရှောင်းကျန့်ကိုချစ်တယ်ဆိုရင်?"

"ဗျာ??"

Chit Tee{Completed}Waar verhalen tot leven komen. Ontdek het nu