Part 6

5.8K 1K 93
                                    

လက်မောင်းက ဒဏ်ရာကိုကြည့်ပြီး မယ်တော်က
သက်ပြင်းချတယ်။အထိန်းတော်လာပေးတဲ့
ဆေးခွက်ကိုယူလို့ ဒဏ်ရာပေါ် ခပ်ဖွဖွအုပ်ပေး
နေရင်းမှ...

"ယုလီလေးကို ခေါ်ထားပြီ!"

ရိပေါ်မျက်လုံးတွေသိသိသာသာပြူးလာတာ
သိတဲ့မယ်မယ်က ပြန်လှန်ကြည့်လို့မျက်စောင်း
ထိုးတယ်။

"မင်းလည်း သူ့နာမည်ကြားတာနဲ့ သရဲတွေ့
သလိုပဲ"

"သူ့ကိုဘာလို့ခေါ်တာလဲ။သားမကြိုက်ပါဘူးဆို"

"ဘာဖြစ်လဲခေါ်တော့။မင်းမကြိုက်လဲ
ငါကြိုက်တယ်။ဘယ်တိုင်းပြည်မဆို လိုချင်နေတဲ့
မင်းသမီးတစ်ပါးက မင်းမှမင်းဖြစ်နေတာကို
ဂုဏ်ယူစမ်းပါ"

"ဂုဏ်ပဲယူမယ်။လူကိုတော့ မယူဘူး။မယ်တော်
အတင်းအကြပ်မလုပ်နဲ့နော်။မယ်တော့်သူငယ်ချင်း
သမီးတွေဘာတွေ နားမလည်ဘူး။သားလက်ထဲ
လာထည့်ရင် လှူပစ်မှာ"

ရိပေါ်စကားကြောင့် မယ်တော်က ရင်ဘတ်ကို
မသိမသာဖိတယ်။တော်သေးတာပေါ့....
လက်ထပ်ပေးမယ်ဘာမယ်တွေ ကြိုမပြောမိလို့။
မဟုတ်ရင် တကူးတကသွားခိုးပြီး
တစ်ယောက်ယောက်ဆီ လှူပစ်မှ  ဒုက္ခ။

"ယုလီလေးက လာလည်ယုံပါ။ပြီးတော့  မင်းကို
လည်း တွေ့ချင်လို့တဲ့"

ဘယ်စကားစရင် ဘယ်ခြေလှမ်းမှန်းရိပေါ်
သိပေမဲ့ ဆက်မပြောတော့ဘဲ ငြိမ်နေလိုက်သည်။

ဒီလောက်မှမိန်းမပေးစားချင်နေတာ နေနှင့်ဦး...

💸💸💸💸💸

"ရှောင်းချစ်တီးနေမကောင်းဘူးဆို...
ဘာဖြစ်တာလဲ"

"တစ်ညလုံး အိမ်ရှေ့ထွက်ထိုင်မိလို့ အအေး
ပက်တာ"

"အသည်းကွဲလို့လား။ဘယ်ကောင်မလေးက
ပြန်မကြိုက်တာလဲ"

ဘယ်ကောင်မလေးမှ ပြန်မကြိုက်မှာ သိပေမဲ့
ဘုန်းကြီးကျောင်းသားလေးက အားတက်သရော
မေးလိုက်မိတယ်။နှုတ်ခမ်းလေးတွေ ဖြူလျော့
နေတဲ့ ရှောင်းချစ်တီးက တကယ်သနားစရာရယ်။

"ငါ့..ငါ့ယပ်တောင်လေး ပျောက်သွား..."

တိမ်ဝင်သွားတဲ့ အသံနဲ့ မျက်ရည်တွေက တရစပ်။
ဝါကျတွေကို ဆက်လိုက်တဲ့အခါ ယပ်တောင်စုတ်
အတွက်နဲ့ဖျားမှန်းသိရတော့ သတင်းလာမေးမိတဲ့
ကိုယ့်ခြေထောက်ကိုပဲ ကောက်ဖြတ်ချင်လာတယ်။

Chit Tee{Completed}Where stories live. Discover now