Part 16

5.1K 953 101
                                    

ဒီနေ့နဲ့ဆို ရှောင်းကျန့်အရိုက်ခံရတာတစ်ပတ်
ပြည့်ပြီ။အိပ်ယာနိုးလို့မျက်လုံးဖွင့်တာနဲ့
ရိပေါ်အပြုံးတွေကကြိုနေတတ်ပြီး အိပ်ယာဝင်
ညအချိန်မှာလည်း မအိပ်မချင်းစောင့်ကြည့်
ပေးတတ်သေးသည်။တိုင်းရေးပြည်ရေးတာဝန်
ယူချိန်လောက်သာ အခန်းပြင်ထွက်တတ်ပြီး
ကျန်တဲ့အချိန်တိုင်းက ရှောင်းကျန့်အနားမှာသာ
ပျားလိုဝဲနေခဲ့သည်။စိတ်ဆိုးပြေဖို့ချော့ယူရတာ
အခါခါဆိုပေမဲ့ ဒဏ်ရာပင်ပျောက်တော့မည်
ရှောင်းကျန့်ဒေါသကမပျောက်သေး။

စကားလည်းကောင်းကောင်းပြန်မပြောသလို
တစ်ချက်တစ်ချက် ငိုင်နေရာကနေအော်ငို
သေးသည်။အမြဲပိတ်နေသည့် ရိပေါ်အိပ်ဆောင်
တံခါးကြီးကြောင့်တစ်ချို့တစ်ချို့က မေးခွန်း
ထုတ်ချင်နေကြပြီ။ရိပေါ်နဲ့ရှောင်းကျန့်ကို ဟိုလိုလို
ဒီလိုလိုတွေပြောနေကြပြီမို့ ယုလီနားထိ
ပေါက်နေမှာအသေအချာ။

လိုချင်တာ ဒီအခြေအနေဆိုပေမဲ့ နေကောင်းရင်
အိမ်ပြန်ဖို့သာ အားသာနေသည့်ကောင်လေး
ကြောင့် ရိပေါ်ခေါင်းကိုက်ရသည်။ဒီလောက်
အချော့ပေးထားတာတောင် ရှောင်းကျန့်က
အငိုမတိတ်သည့်ကလေးလိုတော်တော်ဆိုးသည်!

"ရှောင်းကျန့်...ဆေးထည့်ပေးမယ်နော်!"

ငိုင်နေတာတော်တော်ကြာပြီမို့ ခဏနေ
အော်ငိုတော့မှာ သိသည်နှင့်ဆေးလိမ်းပေးဖို့
ခွင့်တင်ရသည်။မလှုပ်မယှက်ထိုင်နေသည့်
ရှောင်းကျန့် ခါးစည်းကြိုးလေးကိုဖြေချဖို့
လုပ်လိုက်ပေမဲ့ လာဆုပ်ကိုင်ရင်းတားလာသည့်
လက်ကလေး...

"ဗိုက်ဆာတယ်"

ကလေးတွေ နို့ဆာသလိုတောင်းနေသည့်
ကောင်လေးက မျက်လုံးကြည်လေးမှာ
အရည်တွေတောင်လဲ့လို့။ဗိုက်ဆာလည်းငို၊
ရေချိုးလည်းငို၊သေးပေါက်အီးပါကအစ
ထိုင်ငိုနေသည်ကြောင့် မိန်းကလေးတွေ
ဓမ္မတာလာစဉ် ကာလလိုမျိုး အခုတလော
ရှောင်းကျန့်ကစိတ်အတက်အကျအရမ်းမြန်သည်။

"ကျွေးမှာပေါ့။ဒါပေမဲ့ဆေးလေးအရင်လိမ်း
မယ်လေနော်"

"မလိမ်းဘူး။ထမင်းစားမှာ"

Chit Tee{Completed}Where stories live. Discover now