Part 1

13.9K 1.4K 208
                                    

ပျားပန်းခတ်မျှသွားလာနေတဲ့ သက်ဝင်လှုပ်ရှား
သောမြို့ငယ်လေးတစ်မြို့။ဆိပ်ကမ်း မြို့လေး
ဖြစ်သည့်တိုင် သင်္ဘောကျောက်ချရာနေရာ
အကောင်းဆုံးမို့ မြို့ကြီးနီးပါးစည်ကားနေတတ်
သည်။အရောင်စုံသော လူအုပ်ကြီးထဲ မျက်နှာဖြူ
တိုင်းတစ်ပါးသားတွေလည်း ပါသလိုဟိုနယ်ဒီနယ်
အရပ်ရပ်က လူမျိုးတူတွေလည်း ပါသည်။

မနက်စောစော မှာပင် မြို့လယ်လမ်းမလေးက
စည်ကားလွန်းနေပြီ။ဈေးသည်တစ်ချို့ရဲ့ အသံ
ဆာဆာတွေကိုကြားနိုင်သလို မြင်းခွာပေါက်လို့
ဟီတဲ့ အသံတွေကိုလည်းကြားနိုင်သည်။

"ရှောင်းကျန့် လာပြီ....."

ချွေးတဒီးဒီးနဲ့ ထွက်ပြေးလာသည့်ထိုလူက
ဝတ်ရုံစကိုမလို့ အိမ်တစ်ထဲ ၀င်ပြေးသည်။
ဈေးသည်တစ်ချို့သည်ကား လက်ထဲကဓားမကို
တဆဆ ချိန်ရွယ်လျှက်။

မကြာခင်အချိန်အတွင်းမှာပင် တိတ်ကျသွားသော
မြို့ငယ်လေး။ဖိနပ်တောက်တောက်ပြောင်ပြောင်
လေးတစ်ဖက် ဈေးထဲဦးတည်လာပြီး လက်သွယ်
်သွယ်လေးထဲဆုပ်ကိုင်ထားသည်မှာ ယပ်တောင်
လေးတစ်ချောင်းနှင့် စာအုပ်တစ်အုပ်။

"ငါးသည်ကြီး...."

"ဘာလဲ!!!"

ဆောင့်အောင့်ကာထွက်လာသည့် ထိုအဒေါ်ကြီး၏
အသံကိုကောင်လေးက ရင်ဘတ်ဖိကာ ဘုရားတ
သည်။အဒေါ်ကြီး၏မျက်လုံးထဲမှာ ထိုဖြူဖြူအရိပ်
လေးဟာ သိပ်အန္တရာယ်ကြီးနေသလို။

"ဒီနေ့ အကြွေးပေးရမဲ့ရက်လေ။မှတ်မထား
ဘူးလား"

ထိုအခါမှ ကြောက်စရာကောင်းအောင်တင်းထား
သည့်အဒေါ်ကြီးမျက်နှာ ပြေကျသွားပြီး ချက်ချင်း
ပြုံးလာသည်။လက်ထဲက ဓားမကိုဘေးနား
ပစ်ချလို့ ထိုကောင်လေးကိုလေချိုသွေးနေသည်မှာ
သူမဟုတ်သလို။

"ဟို...ရှောင်းကျန့်လေးရယ်။ပေးစရာက
မရှိသေးဘူးကွဲ့။အဒေါ့်ကို တစ်ပတ်လောက်
စောင့်ပေးပါလားဟင်။အတိုးရော အရင်းပါပေါင်း
ပေးပါ့မယ်ကွယ်။နော်!!အဒေါ့်ကိုသနားပါကွယ်"

ငါးသည်ကြီးက ရှောင်းကျန့်ရှေ့မျက်နှာတိုးလို့
မျက်တောင်လေး ပုတ်ခပ်ပုတ်ခပ်လုပ်ပြသည်။
သိပ်ချစ်စရာကောင်းလွန်းလို့ ရှောင်းကျန့်မဲ့သွား
ရပြီးမှ...

Chit Tee{Completed}Where stories live. Discover now