Part 3

6.7K 1.2K 120
                                    

အကြွေတန်လေး နှစ်ရွက်သုံးရွက်ကိုလက်ထဲ
တင်းတင်းဆုပ်လို့ သူတောင်းစားလေးက
ရှောင်းကျန့်ကို အံကြိတ်ကြည့်လာတယ်။
မထီမဲ့မြင်မျက်နှာနှင့်ရှောင်းကျန့်ကတော့
ဘယ်သူမှမှတ်မိနိုင်တဲ့မျက်နှာနှင့် ဆောင်ကြာ
မြိုင်ထဲ ပေါင်တစ်ဖက်ကြိုးပါဆိုပြီး
ကျော့မော့စွာဝင်သွားလေပြီ။

"ကလေးတွေကိုဆောင်ကြာမြိုင်ထဲ ၀င်ခွင့်
မပေးထားဘူး။ရော့...မမ ဆီက ဒီလောက်
ယူပြီး ကျေနပ်တော့နော်" 

သဘောကောင်းသည့် ထိုမမက သူ့လက်ထဲ
အတန်ကြီးတစ်ရွက်ထည့်ပေးပြီး ပြန်လွှတ်သည်။
ဆောင်ကြာမြိုင်က မမတွေသဘောကောင်းတာ
သူအသိဆုံးမို့ ၀င်သွားသည့် ချစ်တီးကတော့
လာဘ်လာဘ ကောင်းမှာအသေအချာ။သာမာန်ဆို
ဘယ်သူတောင်းစားမှ ၀င်လို့မရပေမဲ့ ဒီနေ့တော့
ထူးခြားစွာ လက်ခံပေးသည်မို့ ရှောင်းကျန့်သဘော
ခွေ့သွားသည်။

ဒေါသအစုံကို မျိုသိပ်လို့ ဖင်လိမ်ကာလျှောက်သွား
သည့်ရှောင်းချစ်တီး ကျောပြင်ကိုစေ့စေ့ကြည့်
ရင်းမှ...

"ပါးပါး.....!!!"

သူ့အသံစူးစူးလေးကို ရှောင်းကျန့်မကြား။
မမလှလှက သူ့ကိုတစ်လှည့် ရှောင်းကျန့်ကို
တစ်လှည့်ကြည့်နေပြီး ဆွံ့အနေရှာသည်။
ရှောင်းကျန့်တစ်လှမ်းတိုးတိုင်း သူရသွားမည့်
ပိုက်ဆံတွေ အာရုံထဲပြေးမြင်ပြီး ကလေးငယ်
မှာ ငိုချင်လာသည်။သူတောင်းစားဖြစ်ရတာ
တောင် စီးပွားပြိုက်ဖက် မထားချင်။

"အယ်...မငိုနဲ့လေနော်။ဝင်...၀င်။ဟုတ်ပြီလား"

ခွင့်ရသည်နှင့် ခွက်ကိုခေါင်းမှာဆောင်းလို့
ဆောင်ကြာမြိုင်ထဲပြေးဝင်မိသည်။အရှိန်နှင့်
ရှောင်းကျန့် ခါးကိုလှမ်းဖက်လိုက်ပေမဲ့ ပုလွန်းတဲ့သူ့အရပ်ကြောင့်
ခါးမှာမအပ်မိတဲ့ သူ့မျက်နှာကရှောင်းကျန့်
တင်ပါးဆီပြေးကပ်နေတာမို့...

"ဘယ်လိုဖြစ်လို့ လိုက်လာတာလဲ။!"

"အစ်ကိုကြီးကို ချောက်တွန်းမလို့"

ထိုကလေးကို ရှောင်းကျန့်ရန်တွေ့ဖို့ပြင်လိုက်
ပေမဲ့ အနားရောက်လာသည့် အပျိုမယ်လေးက
"သားဖနှစ်ယောက် ပြန်ရင် ကျွန်မကိုပြောပါအုံး။
မုန့်လေးထည့်ပေးလိုက်ချင်လို့"တဲ့။

Chit Tee{Completed}Where stories live. Discover now