Part 8

5.5K 986 35
                                    

"ပြီးရင် ထွက်ခဲ့တော့!"

ရိပေါ်အသံသြသြအဆုံးမှာ အခန်းတံခါးလေးက
ဖြည်းဖြည်းချင်းပွင့်လာတယ်။မြင်လိုက်ရတဲ့
မူရှောင်းကျန့်မျက်နှာက စူပုပ်လျက်။

"ဆံပင်ပုံစံကြီးက ပုံတုံးလိုက်တာ"

ရှောင်းကျန့်က တစောင်းကျစ်စည်းပြီးရင်ဘတ်ပေါ်
ချထားတဲ့ ဆံစလေးကိုကိုင်လို့ မကျေမနပ်
ရေရွတ်တယ်။ဝတ်ရုံအနီလေးကြောင့်
ဖြူလွန်းတဲ့ အသားရေလေးဟာ လင်းလက်လို့။

"ပဲများမနေနဲ့။ငါ့နောက်လိုက်ခဲ့ အခု!"

"နေပါအုံး။ဒီဝတ်စုံက နည်းနည်းအသားမကောင်း
သလိုပဲ။အိမ်ရှေ့စံရဲ့ ချစ်သူက ဒီလိုပိတ်သားမျိုး
ဝတ်ရတာလား?"

ဘေးနားကနေ မပြေးရုံတမယ်ခြေလှမ်းတွေနဲ့
လိုက်ရင်း ပွစိစိရေရွတ်နေတဲ့ရှောင်းကျန့်။
လက်ဖျံက ပိတ်သားစကိုကိုင်လို့ဈေးဘယ်လောက်
ရှိကြောင်းဘာညာ ပြောနေတာမို့ ရိပေါ်ခြေလှမ်း
တို့ ရပ်တန့်ကာ လှည့်ကြည့်လိုက်ရတယ်။

"ဒီဝတ်စုံက....ငါ့အမှုထမ်းတွေဝတ်ရတဲ့ဝတ်စုံ။"

"ဘာ!!!"

"ဟုတ်တယ်။မင်း ငါ့အမှုထမ်းလုပ်ပြီး
ခစားရမယ်။"

ပါးစပ်အဟောင်းသားနဲ့ ရှောင်းကျန့်ကို ရိပေါ်
တစ်ချက်သာကြည့်ပြီး ပြန်ကျောပေးသွားတယ်။

"အမှုထမ်း တာဝန်အတွက်လစာသပ်သပ်
ရှိသေးတာမလို့ အဲ့လောက်သွေးပျက်မနေနဲ့"

ငွေသံကြားမှ နည်းနည်းအဆင်ပြေသွားရှာတဲ့
ရှောင်းကျန့်နှလုံးခုန်သံတွေ။

ဒီဘုရင်လောင်းက တုံးမှာလိုလိုနဲ့ကျပ်ပါ
မပြည့်သေးတာ။

💸💸💸💸💸💸

"မင်းက အသစ်ရောက်လာတဲ့ အမှုထမ်းလား"

အနားကပ်လာတဲ့ ကောင်လေးက ရေပုံးကို
ပစ်ချလို့ ရှောင်းကျန့်နားလာထိုင်တယ်။
ရောက်တည်းက ဘာလုပ်ရမှန်းမသိသေးဘဲ
ချောင်ကပ်နေလို့ လာဆူတာလားလို့တွေးမိပေမဲ့
ပုံးထဲက အ၀တ်စတစ်ခုကို ရေညှစ်ပြီး
ကောင်လေးက ကမ်းပေးရင်း

"အတူတူတိုက်မယ်!"

"ဗျာ!အာ....."

ကြမ်းပြင်ပေါ် နောက်ရေစိုဝတ်ကိုပစ်ချလို့
ကုန်းရုန်းတိုက်နေတဲ့ ကောင်လေးကြောင့်
သူပါရောယောင်လိုက်လုပ်ရတယ်။

Chit Tee{Completed}Where stories live. Discover now