Part 12

5.1K 922 83
                                    

"မင်းသမီး ယုလီဖို့ အိမ်ရှေ့စံက လက်ဆောင်ပါး
လိုက်ပါတယ်"

တံခါးပြင်ဘက်မှ အမှုထမ်းရဲ့စကားသံကြောင့်
ရွှင်မြူးစွာ ၀င်ခွင့်ပေးလာတဲ့ ယုလီရဲ့အသံ။
ခပ်ကုပ်ကုပ်နဲ့အနားရောက်လာတဲ့ ရိပေါ်ရဲ့
အမှုထမ်းသုံးယောက်ကို အပြုံးလေးနဲ့ ကြိုရင်း
နှုတ်ဆက်မိသည်။ဦးဆောင်လာတဲ့
လူကြီးတစ်ယောက်က ယုလီရှေ့မှာ
ခေါင်းငုံ့ထိုင်လို့ တစ်ခုခုသယ်လာပုံရသည့်
ကောင်လေးနှစ်ယောက်က မလှမ်းမကမ်းမှာ။
နောက်နားမှ  တစ်ယောက်ဆီ
ယုလီအကြည့်ပို့ပြီးခါမှ ပြန်လွှဲဖို့မေ့နေခဲ့သည်။

အနီရောင်အမှုထမ်းဝတ်စုံလေးနဲ့ လိုက်ဖက်စွာ
ရှိနေသည့် အသားရေကြည်ကြည်လေး။
ဗန်းကိုကိုင်ထားသည့် လက်ချောင်းလေးတွေ
ကအစ အကြည့်မလွှဲနိုင်အောင်သန့်လွန်းသည်။
အစုစုစည်းထားတဲ့ ဆံပင်လေးကို
ရင်ဘတ်ပေါ်ချထားပုံက ဖြစ်ကရဆန်းဖြစ်မနေ။

အမှုထမ်းတစ်ယောက်ရဲ့ ရူပကာဒီမျှ
ပြည့်စုံနေစရာမလိုဘူးထင်ပါသည်။

"မင်းသမီးဖို့ အိမ်ရှေ့စံက အချိုပွဲတွေ ပို့ပေးလိုက်
တာပါ။"

"ဟုတ်လား။ကျေးဇူးအရမ်းတင်ကြောင်း
ပြောပေးပါနော်။ပြီးတော့ ဒီည ချယ်ရီဆောင်
မှာ စကားလက်ဆုံပြောဖို့ သတင်းလေးပါ
ပါးလိုက်လို့ရမလားဟင်"

"ဟုတ်ကဲ့။ရပါတယ် မင်းသမီး။"

သယ်ယူလာသည့် ဗနပေါ်မှ အချိုပွဲတွေကို
ယုလီစားပွဲပေါ် အသာတင်ပေးနေသည့်
ထိုကောင်လေးအား မျက်ခြေမပျက်ကြည့်
နေမိသည်။သူ့အလုပ်သူ အာရုံစိုက်နေတာမို့
ယုလီကြည့်နေတာ သူမသိ။

မနေ့က မြင်ကွင်းကိုမျက်လုံးထဲမှာ ရိပေါ်
ရင်ခွင်ထဲရောက်နေခဲ့တဲ့ ကိုယ်လေး။
တကယ်ကိုထွေးပွေ့ချင်စရာလေးဆိုပြီး
မှတ်ချက်ပေးရင်း လာပို့သည့်အချိုပွဲကို
မြည်းစမ်းကြည့်မိသည်။

အချစ်တွေ ထည့်ထားသည်လို့ တစ်ဖက်သတ်
မှတ်ယူရင်း ယုလီပြုံးလိုက်မိပါသည်။

💸💸💸💸💸

"ကျွန်တော့်အိပ်ချိန်ရောက်ရင် ပြန်မှာနော်။
ပြီးတော့ အချိန်ပိုဆင်းခလည်း ပေးရမယ်"

Chit Tee{Completed}Where stories live. Discover now