"ကျစ်!ရင်းရင်းနှီးနှီးကို မြင်ဖူးနေတယ်"
"ဘာဖြစ်လို့လဲရိပေါ်"
အတွေးထဲတဝဲလည်လည်ဖြစ်နေသည့်သူ့ကို
ယုလီကသတိထားမိစွာလာမေးမှ အသိပြန်ဝင်တော့သည်။"ဘာမှမဟုတ်ပါဘူး။ဒီအတိုင်း ဒီနေ့တွေ့လိုက်တဲ့လူတစ်ယောက်ကိုတော်တော်ရင်းနှီးနေလို့"
"အလှူတွေပေးတုန်းက မြင်ဖူးတာဖြစ်မှာပေါ့။
ဘာလို့အရမ်းစဉ်းစားနေတာလဲ"သူမစကားကိုရိပေါ်က မျက်မှောင်အနည်းငယ်
ကျုံ့လို့စဉ်းစားနေရင်းက ခေါင်းအသာရမ်းသည်။"တစ်ခုခုကိုထူးခြားနေတာ။သူ့ကို တစ်နေနေရာမှာ တော်တော်လေးသတိထားမိခဲ့ပုံပဲ"
"ဘယ်သူမလို့လဲ"
"သူတောင်းစား.."
သူမက ကူပြီးတောင်မစဉ်းစားပေး။အဖြေလည်း
မရှာပေးနိုင်။ခပ်ဝေးဝေးကိုသာ ငေးပြီးအဆွေးဇာတ်ပြန်ခင်းသွားတာမို့ ရိပေါ်လည်းသူမကို
လျစ်လျူမရူနိုင်တော့။"နင် အခြေအနေတိုးတက်လား"
ခေါင်းရမ်းပြတဲ့သူမက သက်ပြင်းလေးကြီးနှင့်။
"ငါထပ်ဖွင့်ပြောဖို့လိုမယ်ထင်တယ်။သူက လုံးဝ
ငါတို့နှစ်ယောက် အဆင်ပြေနေတယ်ပဲထင်နေတာ"ရုတ်တရက် အဆောင်တံခါးကိုခပ်ကြမ်းကြမ်း
တိုးဖွင့်လာသံကြောင့် သူနဲ့ယုလီအလန့်တကြား
လှည့်ကြည့်မိတော့ ဘီလူးဆိုင်းတီးပြီး
ဝင်လာသည့် မယ်တော်။"မယ်တော်ဘာဖြစ်...ဘာ..ဘာလုပ်တာလဲ"
ရိပေါ်ကို ဟိုလှည့်ဒီလှည့် အကြမ်းပတမ်းတွေ
လုပ်ပြီး တင်ပါးကို တဘုန်းဘုန်းရိုက်လာတာမို့
သူအလန့်တကြား ထအော်မိသည်။
သို့ပေမဲ့ လက်သံပြောင်တဲ့ မယ်မယ့်လက်ဖဝါးတွေက ကွာကျမသွား။နောက်ဆုံး ယုလီကိုပဲယပတ်ပြေးမိတော့ မယ်မယ်က ဒေါသတကြီး
ကြည့်ရင်းက.."နင် ဈေးထဲမှာ သူတောင်းစားတစ်ယောက်ကို
တော်ဝင်ကျောက်စိမ်းပြားကြီး ပေးခဲ့တယ်ဆို"ပြန်မပြောနိုင်တော့သည့်ရိပေါ်ကား မျက်နှာငယ်နှင့်စူပုပ်ပုပ်။
YOU ARE READING
Chit Tee{Completed}
Fanfictionကပ်စေးနည်းကော်တရာ ရှောင်းကျန့်တစ်ယောက် ဝေသန္တရာပေါ်ကြီးနှင့် ဆုံမိသောအခါ ကပ်စေးနည်းကော်တရာ ရှောင်းကျန့်တစ်ယောက် ဝေသန္တရာပေါ်ကြီးနှင့် ဆုံမိသောအခါ