Part 7

5.5K 1K 58
                                    

ပီချန်ပေါ်မေးထောက်ပြီး ဘယ်အချိန်ထိငိုက်နေ
မိလဲ ရိပေါ်မသိတော့။သတိရချိန်မှာ ဘေးနားကို
ကြည့်လိုက်တိုင်း မပြောင်းလဲသော ဖင်ကုန်းလေး
ကိုတွေ့နေရသည်။

"ဟေ့...တွက်လို့ပြီးအုံးမှာလား"

"ခဏလေး။ပြီးခါနီးပြီ"

စာရင်းစာအုပ်ကိုကြမ်းပြင်ပေါ်ချလို့ ဒူးနှစ်ချောင်း
ကိုဗိုက်အောက်ထိကွေးရင်း ကျောပေးထားတဲ့
ထိုကောင်လေးကြောင့် ရိပေါ်လှည့်ကြည့်တိုင်း
တင်ပါးသာမြင်ရသည်။

"မင်းဘာတွေတွက်နေတာလဲ"

"လစာလေ။မင်းပဲပြောတော့ ၁လကို ၃သိန်း
ပေးမယ်ဆို။ဟိုကိုင် ဒီကိုင်တွေပါ ပါလာရင်
ထပ်တောင်းဖို့..."

"ဟေ့..မင်းကို ဘယ်မှမကိုင်ဘူး။မဟုတ်တာ
မတွေးနဲ့"

"ပြီးရော..ကိုင်ရင် အပိုပေးရမှာနော်။ဒါနဲ့လေ
မင်းက ဘယ်မျိုးနွယ်ကလဲ။"

တွေးဆဆလေးမေးလာတဲ့ထိုကောင်လေးက
စကားပြောချိန်မှာတော့ မျက်နှာပေးထားသည်မို့
ရိပေါ် သက်ပြင်းချမိသည်။စစတုန်းကတော့
မလုပ်နိုင်ဘူး ဘာညာနဲ့ငြင်းခဲ့ပြီး ပိုက်ဆံအကြောင်း
ကြားတော့ ချက်ချင်းလက်ခံလိုက်တာများ
အန္တရာယ်မကြောက် ဘာမကြောက်။မျိုးနွယ်
အကြောင်းမေးဖို့ သတိရသေးသည့်ကောင်လေး
ကြောင့် ရိပေါ်မာန်ပါပါဖြေဖို့ ပြင်လိုက်သည်။

"ငါက...အိမ်ရှေ့စံဝမ်ရိပေါ်ပဲ"

ရင်ဘတ်ကိုကော့လို့ သြဇာပြည့်စွာပြောလိုက်တဲ့
စကားအဆုံးတွင် ကောင်လေးမျက်ဝန်းများပြူး
ကျယ်လို့လာသည်။လန့်သွားရှာမှာပေါ့...
ဘုရင်လောင်းတစ်ယောက်လုံး သူ့ရှေ့ရောက်ပြီး
ကိုယ်တိုင်ကိုယ်ကျ စကားလာပြောတာခံရတဲ့
အခါ ဘယ်သူမဆို လန့်ဖြန့်ပြီးမြေပေါ်ပြားနေ
အောင်ဝပ်ဆင်းပြကြမှာပဲ။အတွေးလေးပင်မဆုံး
သေးတဲ့ ရိပေါ် ရင်ဘတ်ပေါ်ကျလာတဲ့လက်သီး
ဆုပ်လေးတစ်ချက်။

"ဘုရင်ဖြစ်မှာပေါ့။မိုက်တယ်ကွာ။"

သွားကြီးကြီးတွေ ပေါ်တဲ့ထိ ရယ်ပြပြီးသူ့စာရင်း
စာအုပ်ဆီ အကြည့်ကပြန်ရောက်သွားပြန်သည်။
မဟုတ်မှ ဘုရင်လောင်းကိုတောင်သူ့အကြွေး
တွေလောက်စိတ်မ၀င်စားတာလား။နည်းနည်းတော့
တုန်လှုပ်သင့်လားလို့လေ...

Chit Tee{Completed}Where stories live. Discover now