🍎1

30K 1.1K 18
                                    

ကိုကို့အနားမှာနေပါလား
Part -1

⏰⏰⏰
တီတီတီ

နာရီနိုးစက်သံမြည်တာနဲ့ ရှောင်ကျန့်တစ်ယောက်အိပ်ရာကနေ ကမန်းကတန်းထတော့သည်။
မနက် 6နာရီသည် သူ၏ မနက်တိုင်းထရမဲ့အချိန်မို့ နာရီကို သံပတ်ပေးထားရသည်။
ဆောင်းရာသီမို့ ချမ်းနေပေမဲ့ သူများတွေလို
သူ့မှာ အိပ်ရာထဲကွေးနေလို့မှမရပဲလေ။

ဦးလေးတို့မနိုးခင် သူက မနက်စောစောထကာ
တစ်အိမ်လုံးအတွက် မနက်စာစီစဥ်ပေးရသည်။
ဒါသူ့ရဲ့ တစ်နေ့တာအလုပ်တွေထဲက ပထမဆုံးတာဝန်လေ။ဦးလေးဆိုတာက ပါးရဲ့ ညီဖစ်သူပါ။
ပါးနဲ့မားက အထက်တန်းလောက်က ရှေ့ဆင့်နောက်ဆင့်ပဲ သူ့ဘဝထဲက ထွက်သွားကြသည်။
ထိုအချိန်မှစ၍ ဦးလေးဖြစ်သူ ရှောင်းရန်ကျင်
က ခေါ်ယူစောင့်ရှောက်ထားသည်ပေါ့။

ဦးလေးက မိဘလုပ်ငန်းဖစ်တဲ့ company အလုပ်ကိုဆက်လက်လုပ်ကိုင်တာကြောင့် အရမ်းကြီးမချမ်းသာပေမဲ့ ချမ်းသာတဲ့အထဲတော့ပါသည်။
ပါးကိုတော့ ဘိုးဘိုးတို့က ​သူတို့သဘောမတူတဲ့မားနဲ့ယူလို့ဆိုပီ အမွေဖြတ်လို့ ဘာအမွေမှမရဘူးလို့တော့ အန်တီလေး အမြဲပြောလို့ နားရည်ဝနေပါပီ။ဒါပေမဲ့လဲ ပါးနဲ့မားက အချစ်ကို
အစပြုပီးတည်ထောင်တဲ့အိမ်ထောင်ရေးလေးမို့
သူတို့မိသားစုလေးက ပျော်ရွှင်ခဲ့တယ်လေ။

မား ကနှလုံးရောဂါအခံရှိတော့ အရင်လောကကြီးထွက်သွားခဲ့တယ်။မား မရှိတော့မှ ပါးနဲ့အတူ
​ဦးလေး ဆီကို သူတို့လာခဲ့ကြတယ်။
ဦးလေးဆီရောက်ပီး မကြာခင်မှာပဲ ပါးပါ လောကကြီးကထွက်သွားတယ်။

သူများအိမ်မှာ နေရတော့ သူတို့ကြည့်ဖြူအောင်နေပေးရသည်လေ။
ဦးလေးက ကြည်ဖြူပေမဲ့ အန်တီလေးနဲ့မမapple ကတော့ သိပ်ပီး ကြည်ဖြူပုံမပေါ်လို့
သိတတ်လိမ်မာမှုပြပီး သူတို့ခိုင်းတာလုပ်ပေးရသည်။ဘယ်လိုပဲဖစ်ဖစ် ဦးလေးတို့မိသားစုက
ကျေးဇူးရှင်တွေဆိုလည်းမမှားဘူးလေ
အခုဆို သူက နောက်ဆုံးနှစ် စီးပွားရေးကျောင်းသားဖစ်သည်ထိ ဦးလေးတ်ု့က ပညာသင်ပေးထားသည်မလား။

ရှောင်ကျန့် မျက်နှာသစ်၊ သွားတိုက်၊ ကိုယ်လက်သန့်စင်ပီး သူ့ရဲ့တာဝန်ကို လုပ်ဆောင်ဖို့ အိပ်ခန်းထဲကထွက်ကာ မီးဖိုဆောင်ကို ထွက်လာခဲ့သည်။
သိပ်မကြီးပဲ တော်တန်သင့်တဲ့ ခြံဝန်းနဲ့ နှစ်ထပ်တိုက်အိမ်လေးမှာ လူ၄ယောက်နေပီး
အိမ်မှု့ကိစ္စတွေက ရှောင်ကျန့်လေးရဲ့ တာဝန်သာဖစ်နေခဲ့တယ်။

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now