🍎13

7.7K 674 12
                                    

ကိုကို့အနားနေပါလား
Part-13

မနက်အစောကြီး ယုန်ပေါက်လေး လာမနိုးခင်
အရင်အိပ်ယာက ထ​ကာ လုပ်စရာရှိတာ
အစောကြီးထလုပ်ထားလိုက်သည်။ညက ထမင်း
ခူးခတ်ပေးပီးထဲက လူအနား လုံးဝမကပ်။
ထပ်ပီ လန့်အောင်မလုပ်ချင်တော်လို့ လွှတ်ပေးထားလိုက်သည်။သေချာခူးခပ်ပေးပီး တစ်ခုံကျော်လေးမှာ ထိုင်နေပီး ရှိုက်ကာအသံတိတ်ငိုနေတော့ စိတ်မကောင်း။အနမ်းခံလိုက်ရတော့ အတော်လေး လန့်သွားလောက်သည်။
ထမင်းစားပီးတော့လဲ သေချာအခန်းနားထိပို့ပေးပီး "ကိုကိုနားတော့ ဆိုပီး" သူကတော့အခန်းထဲကို ပြေးတာမှ ကိုယ့်ကို လှည့်ပင်မကြည့်တော့။
မနက် အထုပ်တွေဆွဲပီး ထွက်လာမှာတော့ ကြောက်ရသည်။အခြေနေသွားကြည့်ချင်ပေမဲ့
ကိုယ့်အခြေနေက မမြင်ရသူမလား။
စိတ်ကို ထိန်းရင်း ယုန်ပေါက်လေး လာခေါ်မဲ့
အချိန်ကို စောင့်နေလိုက်သည်။

ရိပေါ် တိုင်ကပ်နာရီကို လှမ်းကြည့်တော့ မနက်စာ
စားဖို့ လာခေါ်မဲ့အချိန်နီးနေသည်မို့ ဘေးနားက
မျက်မှန်ကို ယူတတ်ထားပီး စောင့်နေသည်။
ထိုအချိန် အခန်းတံခါးပွင့်လာသည်မို့ ကြည့်လိုက်တော့ ကျန်ကျန့်မဟုတ်တော့ ရိပေါ် အရမ်းလန့်သွားသည်။

"သခင်လေး  မနက်စာစားဖို့ လာခေါ်တာပါ

"ကျန့်ကျန့်က ဘာလို့လာမခေါ်တာလဲ
ဘယ်သွားလဲ.....

"အစ်ကိုလေးကျန့်ကျန့်က ထမင်းစားခန်းထဲမှာပါ
သခင်လေးစားဖို့ ပြင်ဆင်နေလို့ သခင်လေးကို
ခေါ်ပေးဆိုလို့  မုမု လာခေါ်ပေးတာပါ

"သူ့ကိုပဲ လာခိုင်းလိုက် ကျန့်ကျန့်က လွှဲရင်
ဘယ်သူမှ ထပ်မဝင်လာနဲ့ ဒီအခန်းကို

"ဟုတ်..ဟုတ်..သခင်လေး

မုမု လည်း အခြေနေမကောင်းတဲ့ ရိပေါ်အသံကြောင့် ရှောင်ကျန်ကို အမြန်သွားခေါ်တော့သည်။

ရိပေါ် လည်း ရှောင်ကျန့်ရှိတယ်ဆိုမှ စိုးရိမ်တာ
သက်သာသွားရသည်။မကြာပါဘူး အခန်းထဲကို
ရှောင်ကျန့် ဝင်လာသည်။

"ကိုကို မနက်စာစားလို့ရပါပီ

"တစ်ခြားသူကို ဘာလို့လွှတ်တာလဲ
ဆင်ခြေကို ပီပြင်အောင်ပေး...

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now