🍎8

7.9K 746 29
                                    

ကိုကို့အနားနေပါလား
Part-8

ရိပေါ်သည်  စစ်ကျွေးကို စာရင်းတွေရော
သူသုံးနေကြ laptop ကိုပါ ဝမ်အိမ်တော်သို့ လာပို့ရန် ဝမ်တလုနှင့်မှာထားသည်။
သူ့အခန်းထဲမှာပဲအလုပ်စားပွဲ ထားပီး စစ်ကျွေးကို
အိမ်ကိုလာခိုင်းက  ကျန့်ကျန့်ကို စာရင်းတွေပြဖို့
ခေါ်ထားတာ ဒီနေ့နဲ့ဆို ၄ရက်မြှောက်နေ့ပင်
ဖစ်သည်။

"ခဏနေ စစ်ကျွေးရောက်တော့မှာနော် သေချာ
ကြည့်ထား စစ်ကျွေးပြတဲ့ စာရင်းတွေကိုရော
ဘယ်ဖိုင်းက ဘယ်အချက်လက်တွေသိမ်းတယ်ဆိုတာကို သေချာကြည့်ထား....
မေ့မယ်ထင်ရင် စာအုပ်နဲ့ မှတ်...

သူကသာပြောနေပေမဲ့ အလုပ်လုပ်တဲ့ စားပွဲက
နေရာမှထိုင်နေရင်း နှာခေါင်းရှုပ်ပြနေတဲ့
ကျန့်ကျန့်ကတော့ ရိပေါ်မမြင်ဘူး အထင်နှင့် ရုပ်ပြောင်ပြနေသည်။

*စလာပီ တစ်နေကုန် မာန်နေလိုက် ကိုကိုရေ
သူပဲ ဆူနိုင်လွန်းတယ် ငါ့ကျ သာလိကာတဲ့
ကိုကိုက ပိုဆိုးတယ် သာလိကာရဲ့ ဘေးကြီး
သာလိကာ အဖိုးရဲ့ တစ်ဆင့်မြင့် ဘေးလောက်မှ
ကိုကိုနဲ့ အန်ကိုက်ဖစ်မှာ။ရိုက်မယ်လို့ ကြိမ်းဝါးထားတာကို သေချာလိုက်မှတ်ထားတာပေါ့
ဟွန့်*

ရှောင်ကျန့်လေး ရိပေါ်ကို အရှေ့ထားပီး
အတွေးနဲ့ အတင်းတုတ်နေစဥ် ရိပေါ်အသံက
ဟိန်းခနဲ...

"ဟေ့ ရှောင်ကျန့်... ဘယ်ရောက်နေတာလဲ

"အာ..လန့်လိုက်တာ ကိုကိုရယ်
ကျန့်ကျန့် ကိုကို့အရှေ့က စားပွဲမှာပဲ လေ
စစ်ကျွေးကော လာရင် မရှင်းတာ မေးဖို့
ပြန်ကြည့်နေတယ် ကိုကို ခဏလောက်
တိတ်တိတ်လေး နေပေးပါလား

ဟမ်..အခုယုန်ပေါက်က အခု ဘာပြောလိုက်တာလဲ။ခဏတိတ်တိတ်နေ ဆိုပါလား။ရိပေါ် ​
ရှောင်ကျန့်ကို ထပီး တင်ပါးလေးကို နာနာသာထရိုက်ချက်နေပါပီ။မဖစ်သေးဘူး ကိုယ်က
မမြင်ရတာ ဒင်း..ဒင်း...

"ရှောင်ကျန့် မင်းဒီလာစမ်း

"ဗျာ ကိုကို လာပီလာပီ.....

"အနားရောက်အောင် လာ...ကိုယ့်လက်ကို လာကိုင်...

"ဟုတ်.ကိုကို.​အိမ်သာသွားချင်လို့လား

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now