🍎25

6.9K 541 13
                                    

ကိုကို့အနားနေပါလား
Part-25

ရှောင်ကျန့် တစ်ယောက် ပြန်ကြမယ်၊အိမ်ပြန်ချင်တယ်ဆိုတဲ့စကားတွေကြောင့် နောက်ဆုံးရိပေါ်လဲ သူ့ရဲ့ဂျစ်တူးလေးကို အလျော့ပေးလိုက်ပီး
အိမ်ပြန်ကြဖို့ကိုသဘောတူလိုက်တော့သည်။
သဘောမတူလို့လဲမရတော့ဘူး ရှောင်ကျန့်က
အိမ်ပြန်ပို့မယ်မပြောမချင်းငိုနေတာ ရိပေါ်ရဲ့
တိုက်ခန်း ရေနစ်တော့ မတတ် အတိုင်း မျက်ရည်တွေကို ပေါပေါနဲ့ကို အဆက်မပြတ်ငိုတာကြောင့်ပေ။
တိုက်ခန်းရေနစ်မှာ မကြောက်ပေမဲ့ ကျန့်ကျန့်
ငိုရလွန်းလို့ မောနေမှာကို သူက ပိုပူပန်ပြန်ရသည်။နောက်ဆုံး အိမ်တော့ ပြန်ပို့မယ် ဝမ်အိမ်တော်ကို သာလိုက်ခဲ့ရမယ်၊လိုက်မယ်ဆိုမှ
ပြန်ပို့မယ်ပြောပီး သဘောတူညီမှု့ရမှ ရိပေါ်
အိမ်ပြန်ကြဖို့ အစီစဉ်ကို လက်ခံလိုက်သည်။

"ကျန့်ကျန့် အိမ်ထဲရောက်တော့မှ ပါးပါးတို့
အကူညီယူပီး ကိုကို့ကို ကလန်ကဆန်မလုပ်ရဘူးနော်။

".......

ရိပေါ်  ခြံရှေ့ထိကားရောက်နေခါမှ မဝင်သေးပဲ
တစ်လမ်းလုံးငြိမ်ချက်သားကောင်းနေတဲ့
‌သူ့ဂျစ်တူးကို သတိပေးသည်။
ပြောနေတာကို ဘာသာပြန်မလာပဲ လူကို ပြူးတူးတူးလေးကြည့်နေတာ ဘာဖစ်နေတာလဲ။

"ဘာလဲ မဟုတ်မှ ဘာကြံနေတာလဲ။
မဟုတ်တာလျှောက်တွေးရင် ဒီတစ်ခါတော့
အိမ်ကို လက်မထပ်ရသေးပဲ ပြန်ရောက်တယ်နော်
နောက်တစ်ဆိုရင် ကျန့်ကျန့်ကို တစ်ခါထဲ ကိုကိုက ခိုးပြေးမှာနော်။

"မ..မဟုတ်ပါဘူး ။ကိုကိုပြောတာ သေချာမကြားလိုက်လို့ပါ။

ကိုကိုက ‌ဗိုက်ထဲမှာပုဏ္ဏားများရှိနေသလားပဲ။
ဦးလေးဝမ်နဲ့တွေ့ရင် ကိုကိုဆိုးခဲ့တာတွေ၊လိမ်တာတွေကို တိုင်ပြောပီး ကျန်ချန်းနဲ့သွားနေပီး စိတ်ကောက်မို့ကို အခုကြည့် သူက ပြန်ခြိမ်းခြောက်နေသေးတယ်။ဟွန့့်။။။

"တော်ပီ ထပ်မတွေးနေနဲ့။ဘားမှလဲ မကြံနဲ့ အိမ်ထဲဝင်ကြမယ်

"ဟုတ်

____________________________

တစ်ပတ်ကြာပီးနောက်

"ကျန့်ကျန့် ခဏနေရင် ဧည့်သည်လာမယ်

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now