🍎33(final)

11K 650 18
                                    

ကိုကို့အနားနေပါလား
Final Part 🙋

လှပတဲ့ နေ့ရက်လေးမှာ အဖြူရောင်ပန်းတွေနဲ့
ပတ်ဝန်းကျင်တစ်ခုလုံးကို အဖြူရောင်ပန်းလေးတွေနှင့် တန်ဆာဆင်ထားတဲ့ အခန်းနားပွဲလေးတစ်ခု။ပြုံးရယ်နေတဲ့ အဖြူရောင်ဝတ်စုံအပြည့်နဲ
သတိုးသားလေးကို နောက်ကနေ ဖက်ထားပီး
ပြုံးရယ်နေတဲ့ သတိုး‌သားလေး နောက်တစ်ယောက်ဟာ ဓာတ်ပုံလေးထဲမှာဆိုပေမဲ့ အပြုံးလေးတွေက အသက်ဝင်နေတာ မငြင်းနိုင်။

ဒီနေ့ဟာ ရိပေါ်နဲ့ကျန့်ကျန့်တို့ နှစ်ယောက်တစ်ဘဝ ထူထောင်မဲ့ နေ့ရက်လေး။တစ်နည်းအားဖြင့်
ထိုနေ့လေးပီးတာနှင့်တစ်ယောက်ရဲ့ ဘဝအစိတ်အပိုင်းကို နောက်တစ်ယောက်က ပါဝင်နိုင်တော့မယ့်နေ့လေး။

အဝတ်စာပြင်ဆင်ခန်းထဲမှာတော့ စိတ်လှုပ်ရှားနေတဲ့ အဆိုးလေးကို ရိပေါ်က စိတ်သက်ရာရအောင် ဟိုလျှောက်ပြော ဒီလျှောက်ပြောနှင့်
အာရုံမများအောင် စကားဖောင်ဖွဲ့နေရသည်။

"ကျန့်ကျန့် ငြိမ်ငြိမ်ထိုင် ခဏနေရင် ကိုကိုတို့
ခန်းမထဲ ဝင်ရတော့မှာ။ချွေးတွေလဲ ထွက်နေပီ။
လာ...ကိုကို သုတ်ပေးမယ်

"ကျန့်ကျန့် ရင်ခုန်လိုက်တာ။အဲ့ဒါကြောင့်ပြောတာ ခြံထဲမှာပဲ လုပ်ပါမယ်ဆိုတာကို

"ကိုကိုက တစ်သက်မှာတစ်ခါပဲ ‌ယောကျာ်းယူတာလေ ခန်းခန်းနားနား လုပ်ချင်တာပေါ့

"ဟမ် ကိုကို!!!

"ဘာလဲကွာ အမှန်ပြောနေတာလေ

"ကိုကိုက တစ်သက်မှာ တစ်ခါမဆောင်လို့
ဘယ်နှစ်ခါဆောင်ချင်တာလဲ။

ဆူဆူပုတ်ပုတ်နဲ့ ပြောတဲ့အပြင် ရင်ဘတ်ကိုပါ
လက်သီးဆုပ်နဲ့ ထုလေတော့ ရိပေါ် မူရာပိုကာ
နာချင်ယောင်ဆောင်လေသည်။

"ဟာကွာ ဘာလေးလဲ ကိုယ့်ယောကျာ်းကို
နှိမ့်စက်နေရလား

"ဘာယောကျာ်းလဲ ဟွန့် ကိုကိုနော်
ကျန့်ကျန့် ရေဆာတယ် ရေယူပေးပါနော်

"ခိုင်းချင်ရင် ရုပ်ကတစ်မျိုး။နိုင်စားရင် ရုပ်ကတစ်မျိုး။
ဒီဝမ်ရိပေါ်ကို ဘာထင်နေလဲ ဟမ်!!!

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now