🍎27

6.3K 549 18
                                    

ကိုကို့အနားနေပါလား
Part-27

ညက ကိုကိုနဲ့စကားများပီး အစောကြီးအခန်းထဲ
ဝင် လိုက်လာမလားလို့ စောင့်ပေမဲ့လိုက်မချော့။အဲ့တော့လူကငိုမိတယ်။ငိုရတာမောပီးဘယ်ချိန်အိပ်ပျော်သွားလည်းမသိတော့တဲ့အထိပဲ။အဲ့ကိုကိုကလေ အရာရာ သူ့
သဘောကြီးပဲ။လိမ်ထားတာကို စိတ်ဆိုးတာမပြေသေးတာ လက်ထပ်မဲ့ကိစ္စကိုလည်း ဘာမှမပြောပဲ သူ့စိတ်တိုင်းကျလုပ်တယ်။ဒီက ရှောင်း‌ရှောင်ကျန့်က သက်ရှိတဲ့လူ အရုပ်မှမဟုတ်တာ။

"ဒေါက်ဒေါက်

ရှောင်ကျန့် နိုးနေပီကို အိပ်ရာကမထသေးပဲ
ညကအကြောင်းတွေးနေရင်း တံခါးခေါက်သံကြောင့် စောင်ကိုခေါင်းမြီးခြုံကာပြန်အိပ်လိုက်သည်။

အခန်းထဲဝင်လာတဲ့ ရိပေါ်လဲ နိုးနေတာကို မထသေးပဲ ဂျီကျချင်နေတဲ့ ကျန့်ကျန့်ကို နိုးဖို့ကုတင်နားကိုလာလိုက်သည်။ကုတင် ပေါ်တင်ပါးလွှဲထိုင်လိုက်ပီး ယုန်လေးကို နိုးသည်။

ညက သူစိတ်တိုပီး အော်မိတာ တစ်မှု့ကမပီးသေးဘူး အမှူ့တွေက တစ်ခုပီးတစ်ခုသာပိုတိုးလို့နေသည်။ဒါတွေက ရှောင်ကျန့်ဆိုတဲ့ မင်းကိုချစ်တဲ့ ကိုကို့အတ္တတွေပဲ ကျန့်ကျန့်ရယ်။

"ကျန့်ကျန့် ထတော့လေ။မနက်စာ စားပီးမှ ပြန်အိပ်နော်

မနက်စာ စားပီးမှ ပြန်အိပ်လို့ ကိုကိုက ပြောလိုက်တာလား။စောင်ခြုံထဲ ရှောင်ကျန့် ထွက်လာပီး
ရိပေါ်ကို ကြည့်ကာ

"ကိုကို company မသွားဘူးလား

"သွားမှာလေ

"ဟင် ဒါဆို ကျန့်ကျန့် မလိုက်ရဘူးလား

"အင်း မလိုက်ရဘူး။ကျန့်ကျန့် မလိုက်ချင်ဘူးမလား။

ကိုကိုက အရင်လိုအပြုံးမျိုးမဟုတ်ပဲ အတင်းလုပ်ယူပြုံးတဲ့အပြုံးနဲ့။ညက စကားတွေကြောင့်
စိတ်ဆိုးနေတာလား။ဒါပေမဲ့ ကိုကိုရဲ့ ဒီလိုအ‌ပြုံးကို ကျန့်ကျန့် သဘောမကျဘူး။

"မဟုတ်ပါဘူး လိုက်ချင်ပါတယ်

"ရတယ် ဒီနေ့ကစပီး ကျန့်ကျန့် မလိုက်ချင်ရင် မလိုက်နဲ့တော့။အိမ်မှာနေခဲ့ ဟုတ်ပီလား။အပြင်သွားချင်ရင်လဲသွား

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now