🍎29

7K 532 29
                                    

ကိုကို့အနားနေပါလား
Part-29

ရိပေါ် ရှောင်ကျန့်အနောက်က အပြေးလိုက်ခဲ့ပေမဲ့ လမ်းခွဲတစ်နေရာရောက်တော့ ပြေးဝင်သွားတာတွေ့လိုက်သည်။ပျောက်သွားမှာစိုးလို့ အမြန်လိုက်ပေမဲ့ ကံဆိုးချင်တော့ ရှောင်ကျန့် ဝင်ပြေးသွားတဲ့လမ်းခွဲထဲမှာ နောက်ထပ်လမ်းခွဲထပ်ရှိနေသေးသည်။ရိပေါ် လည်း ‌ရှောင်ကျန့်က သူ့ကို
ပုန်းဖို့အရေးကြီးနေတာဆိုတော့ သစ်ပင်များတဲ့လမ်းထဲဝင်မှာသေချာနေသည်မို့ သူလည်း
ထိုလမ်းထဲသာဝင်ပီး ရှောင်ကျန့်ကို ရှာသည်။
မကြာပါဘူး သစ်ပင်နောက်က ရှောင်ကျန့်ရဲ့ အရိပ်ကို မြင်လိုက်ရသည်မို့ ရိပေါ် ပြုံးလိုကိမိသည်။တကယ့်ကို ကလေးလေး။သူ့အရိပ်ကို
သတိမမှုမိပဲ လူကို ပုန်းဖို့ပဲ စိတ်လောနေတော့
အမြန်ဖမ်းမိတာပေါ့။

"ရှောင်းရှောင်ကျန့် အဲ့သစ်ပင်အကွယ်က
ထွက်လာခဲ့

ရိပေါ် အသံမာမာနဲ့ ခပ်ငေါက်ငေါက်လေး
အော်လိုက်တော့ သစ်ငုတ်ပင်အကွယ်ကနေ
လက်လေးနှစ်ဖက်က်ု ဆုပ်ကိုင်ပီး လူကို
မျက်နှာငယ်လေးနဲ့ကြည့်ပီးထွက်လာလေတဲ့
ရိပေါ် အသက်ကလေး။

"ဘာလို့လဲ ဖြေရှင်းချက်ပေး ။ကိုကို့ကို ဘာလို့
ထားခဲ့တာလည်း ။မင်းကို ကိုကို စိတ်ပူနေမယ်ဆို
တာမသိဘူး ဟမ်!!!!

"ကိုကို ကျန့်ကျန့်ကို စိတ်ကုန်နေတာမလား။
ဒါကြောင့်

"ဘာ!!!! ဒါဘာစကားလဲ ရှောင်ကျန့်
ဒီလိုစိတ်တွေ ဝင်မှာစိုးလို့ ဒီလောက်အရိပ်တကြည့်ကြည့် နဲ့ဂရုစိုက်ခဲ့တာကို ဒီစကားက
ထွက်လာသေးတယ်။ပြောရက်လိုက်တာ
ကျန့်ကျန့်ရယ်။ကိုကိုချစ်လွန်းလို့ မင်းအနေတောင်ကြပ်ခဲ့ရတယ်မလား။

ရိပေါ် ရှောင်ကျန့် စကားကြောင့် စိတ်တိုပီး
လက်မောင်းနှစ်ဖက်ဆွဲလှုပ်ကာ ပြောသည်။

ရိပေါ်ကြောင့် လက်မောင်းမနာပေမဲ့ စိတ်ဆိုးနေတဲ့ ရိပေါ်ကို ကြည့်ပီး ရှောင်ကျန့် ကြောက်လာသည်။

"ကိုကို ကျန့်ကျန့်ကို မအော်ပါနဲ့
ကျန့်ကျန့် ကြောက်တယ်။ကိုကို ပြန်လာမခေါ်မှာ
ဘယ်လောက်ကြောက်နေလဲဆိုတာ သိရဲ့လား။
ကျန့်ကျန့် အရမ်းဆိုးနေလို့ ကိုကို ပစ်သွားမှာ
ကြောက်နေတာရောသိရဲ့လား။ကျန့်ကျန့် မှာ
ကိုကို ပဲရှိတော့တာ အဟင့်ဟင့်။
ကြောက်တယ် ကိုကို မချစ်တော့မှာ အီးဟီး

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now