🍎17

6.7K 605 13
                                    

ကိုကို့အနားနေပါလား
Part-17

ရှောင်ကျန့် အပြင်ထွက်ဖို့ ရိပေါ်ကို ဘယ်လိုပြောရမှန်းမသိဘူးဖစ်နေသည်။အန်တီလေးက မနေ့က ဖုန်းဆက်ခေါ်သည်မို့ မသွားလို့မဖစ်။မနက်ဖြန်ရှောင်းအိမ်တော်မှာ စောင့်နေမယ်ဆိုသော‌ကြောင့် ဦးလေးဝမ်နဲ့ ကိုကို့ကို ခွင့်တောင်းရမယ်လို့တောင်မပြောရသေးခင် အန်တီလေးက ဖုန်းချသွားသည်။
ဦးလေးဝမ်က မနက်စောကြီး companyသွားပီမို့
ကိုကို့ကို ပဲပြောရတော့မည်။

ကော်ဖီကို သောက်နေရင်း သူ့ကို ခိုးခိုးပီး
ကြည့်နေတဲ့ ရှောင်ကျန့်ကို ရိပေါ် သတိထားမိလာသည်။ပြောစရာများရှိလို့လား လို့ မေးချင်ပေမဲ့
သူက ခိုးကြည့်နေတာ ကိုယ်က မြင်နေရတယ်
သူကတော့ ပြောချင်နေသလို ဒါပေမဲ့ မပြောရဲတဲ့
ပုံဖစ်နေသည်။

"ကိုကို ....

"အင်း ဘာပြောမလို့လဲ

"ဟိုလေ မနေ့က အန်တီလေး ဖုန်းဆက်တယ်
ဒီနေ့ သူ့ကို အိမ်မှာလာတွေ့တဲ့ အဲ့ဒါ

"ဘာလို့ အခုမှပြောတာလဲ

"မနေ့ညကမှ ဆက်တာပါ ကျန့်ကျန့် လာပြောပေမဲ့ ကိုကို အိပ်နေပီ ဦးလေးဝမ်လဲ အိပ်နေပီ

ဟိုတစ်ခါ သူ့ကိုဆူထားတော့ ဒီတစ်ခါ သေသေချာချာကို ရှင်းပြနေသည်။‌ရှောင်းကတော်က ဘာလို့ ခေါ်တာလဲ ။ဒီကို ကျန့်ကျန့်
ရောက်နေတာ အတော်ကြာနေပီ သူမက အခုမှ ဘာလို့ခေါ်တာလဲ။

"မသွားလို့မရဘူးလား

"ဟင် ကိုကိုရယ် အန်တီလေး ခေါ်တာ ကျန့်ကျန့်က ....

မသွားခိုင်းမှာစိုးရိမ်ပီး ‌စကားပြောနေသည့်ရုပ်လေးက ငိုမဲ့မဲ့ ဖစ်နေပီ။

"မြန်မြန်သွား မြန်မြန်ပြန်ခဲ့ အိမ်ကကားနဲ့သွား
ဒီကားနဲ့ပဲပြန်လာခဲ့

"အသွားပဲ အိမ်ကကားနဲ့သွားမယ်လေ
ကျန်ချန်း ကို လာခေါ်ခိုင်းမှာမလား
အန်တီလေးက ဘာခိုင်းမလို့လဲမသိဘူး
ကြာနေရင် ကျန်ချန်းအလုပ်ပျက်ပါတယ်
ပြန်လာရင် ကားဌားလာမယ်လေ

"အင်းအင်း

"အဲ့ဒါဆို ကိုကို့ကို အခန်းထဲပို့ပေးခဲ့မယ်
ပီးရင် ကျန့်ကျန့် ရေချိုးပီး သွားတော့မယ်နော်

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now