🍎30

6.3K 508 13
                                    

ကိုကို့အနား‌နေပါလား
Psrt-30

ရှောင်းအိမ်တော်

ကျန့်ကျန့်ကို စိတ်မညစ်စေချင်တော့လို့သာ
ရိပေါ် ထိုအိမ်ကို လာမှာကို ခွင့်ပြုပေးရတာ
စိတ်ရှိတဲ့အတိုင်းဆို မလာစေချင်ပေ။
ထိုအိမ်က ကျန့်ကျန့်အတွက်အမှတ်တရတွေရှိတာမှန်ပေမဲ့ ကျန့်ကျန့်အတွက် နာကျင်မှုတွေကလည်းထိုအိမ်မှာဖစ်နေတာလည်း ဟုတ်သည်။
ထိုအိမ်က လူတွေထဲမှာမှ ထိုမိန်းမက ကျန့်ကျန့်ကို ပိုပီးနာကျင်မှု့အပေးဆုံးပေ။

အခုလည်းကြည့်လေ ထိုအိမ်ကို ရောက်တာနဲ့
မျက်လုံးတွေက အရောင်လက်ကာ ပျော်နေတာသိသာနေတော့ ဒီလူက ထိုလူသားလေးရဲ့ ပျော်ရွှင်မှု့ကို ဘယ်ဖျက်စီးရက်ပါ့မလဲ။

"ကျန့်ကျန့် ဘာသာပြန်လာမယ်နော်

"မရပါဘူး နောက်တစ်နာရီကျော်ရင် ကိုကိုပြန်လာခေါ်မယ်။ဒါမှမဟုတ် တစ်ခါတည်း
စောင့်နေရမလား

"ဟွင်း ကိုကိုရာ ဖိတ်စာပေးရုံပဲ မဟုတ်ဘူးလေ
အန်တီလေးနဲ့ စကားပြောဦးမှာလေ။
မမလည်း အိမ်မှာမနေတော့ အန်တီလေး ကသနားပါတယ်။တစ်ခါတည်းတော့ မစောင့်ပါနဲ့နော်။ကိုကို ပြောသလို နောက်တစ်နာရီကျော်လောက်မှ လာခေါ်လေနော်

ရိပေါ် တစ်နာရီကျော်ဆိုတာ ပြောပီးမှ
နောင်တရချင်သလို။အမှန်ဆို ကျန့်ကျန့်ကို စိတ်မချနိုင်တာမို့ ဖိတ်စာပေးပီးတာနဲ့ တစ်ခါတည်း
ပြန်ခေါ်ချင်တာ။ဒါပေမဲ့လည်း ကျန့်ကျန့်က်ု
သူမလွန်ဆန်နိုင်ပေ။

"အင်းပါ ကျန့်ကျန့် သဘော။ကိုကို လာခေါ်တဲ့ထိ
ဒီမှာပဲ စောင့်နေရမယ်နော်။ကျန့်ကျန့် အန်တီလေးက အပြင်သွားမယ်ပြောလည်းမလိုက်ရဘူး။လွယ်အိတ်ထဲမှာ ရေဘူး ပါတယ်
အဲ့အိမ်က ဘာမှ မစားမသောက်နဲ့။

"ကိုကိုကလည်း ဘာလို့လဲ

"ကိုကိုပြောသလို လုပ်ပေးပါ ကျန့်ကျန့်ရယ်။
ကတိပေး ဒီမှာပဲ ကိုကို့ကို စောင့်နေပါ့မယ်။ဘာမှ ဒီအိမ်က မစားမသောက်ပါဘူးလို့

ရှောင်ကျန့် ရိပေါ်ရဲ့စကားတွေကို နားမလည်ပေမဲ့ ထပ်ပီး သူမေးနေရင် ရိပေါ် အိမ်ထဲမဝင်ခိုင်းပဲ
နေမှာစိုးလို့ ခေါင်းငြိမ့်ပြလိုက်သည်။
ရိပေါ်လည်း ထိုအခါမှ စိတ်ချပီး ကျန့်ကျန့်လေးကို အိမ်ထဲ ဝင်စေသည်။

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now