🍎28

6.5K 555 12
                                    

ကိုကို့အနားနေပါလား
Part-28

ကျန့်ကျန့်နဲ့ စကားများပီးတဲ့နေ့ထဲက ကျန့်ကျန့်ကို အော်မိတဲ့ ကိုယ့်ကိုယ်ကို ရိပေါ် ဒေါသ‌ထွက်ခဲ့တယ်။ကိုယ်တိုင်လဲ ဘာလို့ အခုမှ ရှောင်ကျန့်ဆိုတဲ့ လူသားလေးနဲ့ပတ်သတ်လာရင် လောဘတွေက ကြီးလာမှန်းမသိချေ။သူလေးကို ချုပ်ချယ်သလို၊လှောင်ပိတ်ထားသလို ထားမိတဲ့ အဖြစ်ကိုလည်း ကိုယ်တိုင်လည်း သတိမထားမိခဲ့ဘူး။
အလုပ်ကို မခေါ်ပဲ အိမ်မှာနေခဲ့ဆိုတော့လည်း
မျက်နှာလေးက မကောင်း။ဟိုလိုလဲမဟုတ်
ဒီလိုလဲ မဟုတ် ကျန့်ကျန့်က တစ်ကယ့်ကိုမှ
ငရစ်ကလေး။

ဒီကြားထဲ အလုပ်ကိစ္စနဲ့ နယ်ဘက်စက်ရုံကို သွားရ‌သေးတယ်။ဒီနှစ်ရက်လုံးဘယ်လောက်တောင်တွေ့ချင်နေလည်းဆိုတာ ကိုယ်တိုင်အသိဆုံး။
ခရီးသွားနေတာလည်း မပြောရဲ။အခုကျန့်ကျန့် စိတ်က လိမ်ထားတာကို အကြောင်းပြပီး
အရမ်းဆိုးနေတာ။အသံကြားရင် အလုပ်ကိစ္စမပီးပဲ ပြန်လာချင်နေမှာစိုးလို့ message ပဲပို့တော့
ပထမ တစ်ရက်က စာပြန်တယ်နောက်ရက်ကျတော့ စာ မပြန်တော့ဘူး။

အိမ်မှာပဲ ကျန့်ကျန့့်ရှိနေတယ်ဆိုတဲ့ အသိနဲ့
အလုပ်တွေ အမြန်လုပ်ပီး ပြန်လာခဲ့တယ်။
အိမ်ရောက်တာနဲ့ ချစ်ရသူလေးကိုခေါ်တော့
ကျန်ချန်းနဲ့နယ်လိုက်သွားတယ်ဆိုတဲ့ ပါးရဲ့စကားက ရင်ဝကို ဆောင့်ကန်လိုက်သလိုပင်။
လွမ်းနေသူကို ပိုလွမ်းအောင်လုပ်တဲ့ လူဆိုးလေးကို အမြန်သွားခေါ်ပီး အပြစ်ပေးရမယ်။

"ဝမ်ချောင်!!!!!

ငြိမ်နေပီး ကားမောင်းနေရင်းမှ ရိပေါ်ထအော်တော့ ဝမ်ချောင် လန့်သွားကာ

"ဟ လန့်တာကွာ။ဘာဖစ်တာလဲ

"ဘာဖစ်ရမှာလဲ အဲ့ဒါ မင်းရှုပ်လို့ဖစ်တာ။
မင်းလူကို မင်းသေချာမထိန်းလို့ အခု ကျန့်ကျန့်ကို ခေါ်သွားပီ။

"ခွေးကောင် ရိပေါ် မင်းပဲ ဖစ်ပြမနေနဲ့။ငါလည်း
ကျန်ချန်းကို စိတ်ပူတာပဲ။သူအဲ့လို ထွက်သွားမယ်လို့ ငါလည်း ဘယ်ထင်မှာလဲ။အခုက
ကျန့်ကျန့်က လိုက်သွားတာ။ကျန်ချန်းက လိုက်ချင်မှတော့ ကျန်ချန်းက ခေါ်သွားမှာပေါ့ သူ့သူငယ်ချင်းကို။

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now