🍎5

8.1K 777 52
                                    

ကိုကို့အနားနေပါလား
Part-5

ရှောင်ကျန့်အခုရောက်နေတာက "ဝမ်အိမ်တော်"လို့ချိတ်ဆွဲထားတဲ့ အိမ်ကြီးအိမ်ကောင်း
တစ်ခုရဲ့ခြံဝမှာ လက်ဆွဲအိတ်လေး ဆွဲပီး ခြံထဲမှာ
လူရှိမလားလို့ ဟိုကြည့်နှင့်ပါ။အန်တီလေးက
ဒီကိုမှ လာမနေရင် အိမ်မှာလဲမနေနဲ့ဆိုတော့
ရွေးချယ်စရာမရှိဘူးလေ။ဦးလေးကတော့
မသွားလဲရတယ်လို့ ​ပြောပေမဲ့ ဦးလေးကို
သူ့ကြောင့် အခက်မတွေ့စေချင်တာကြောင့်ရော
အန်တီလေးနဲ့ စကားများမှာ​ဆိုးလို့ပါ ရှောင်ကျန့်
ဝမ်အိမ်တော်မှာ လူနာကြည့်ဖို့ ဆုံးဖြတ်ခဲ့တယ်။
ဝမ်အိမ်တော်က သခင်လေးက car ​accident
ကြောင့် မျက်လုံးကွယ်နေသည်မို့ 6လ လောက် ဂရုစိုက်ရမည်။သူစိမ်းကို အနားမထားချင်လို့ nurse တောင်မခေါ်ခိုင်းတာ
အခု သူကလည်း သူစိမ်းဆိုတော့ အဆင်ပြေပါ့မလားလို့လဲ ရှောင်ကျန့်တွေးမိပြန်သည်။

"ဟူး...ထားပါ အခုတော့ မီးဆင်ကြည့်ကပေါ့
ရောက်ကျန့်ရာ

ရှောင်ကျန့် သူ့ကိုယ်သူ အားပေးလိုက်ပီး
ဘဲလ် ကို နှိမ့်လိုက်သည်။
ဘဲလ်သံကြားလို့ထင်ပါရဲ့ အိမ်ထဲက ဦးလေးကြီး
တစ်ယောက်ထွက်လာသည်။

"ဘယ်သူနဲ့ တွေ့ချင်လို့လဲ ကောင်လေး

"ဟိုလေ ကျွန်တော်က ရှောင်းအိမ်တော်က လွှတ်လိုက်တာပါ သခင်လေးဝမ်ကို
စောင့်ရှောက်မဲ့ သူပါ...

"အော်..အေးအေး လာလာ...သခင်ကြီး အထဲမှာ
ကောင်လေးကို စောင့်နေတာ လာလာ
အိတ်ကို ဦးလေးကိုပေး...

"ရပါတယ် ကျန့်..ကျွန်တော့်ဘာသာ သယ်ပါမယ်ဗျ.....

သူ့စကားကို နားမထောင်ပဲ ဦးလေးကြီးက
အတင်းဆွဲယူသွား​တာကြောင့် ရှောင်ကျန့်လဲ
ပြောမနေတော့ပဲ ဦးလေးကြီးအနောက်သာ
လိုက်လာခဲ့သည်။

အိမ်ထဲထိ ဖိနပ်စီးခွင့်ရှိသည့်ထိုအိမ်သည်
ဘယ်လောက်တောင်ချမ်းသာနေတာလဲ
ရှောင်ကျန့်မတွေးတော့ပါ။အိမ်ထဲက အလှပန်း
အိုးကအစ စျေးကြီးမှန်းသိသာသည်။
ပန်းချီကားချပ်တွေကလည်း အရမ်းကိုလှပပီး
စျေးကြီးမည့်ပုံပင်။အပေါ်ထပ်ကို တက်မည့်လှေကား လမ်းနှစ်သွယ်နှင့် အလွန်ထည်ဝါလှသည့်ထိုအိမ်က ရှောင်းအိမ်တော်ထက် ကြီးလွန်းသည်။

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now