🍎4

8.2K 687 15
                                    

ကိုကို့အနားနေပါလား
Part-4

"သမီး... တလု ဖုန်းဆက်တယ် သားရိပေါ်
Car accident ဖစ်လို့တဲ့

အလုပ်ပေါ်အာရုံစိုက်နေရင်း ပါးပါးက အလောတကြီး ရုံးခန်းထဲဝင်လာပီး
ရိပေါ်ကော car accident ဖစ်တယ်ဆိုသော
ကြောင့် လက်ထဲက ဘောပင်တောင် ပြုတ်ကျတယ်။

"ဘယ်လို ဖစ်ရတာလဲ ပါးရယ် အခုရော
ဘယ်လိုနေသေးတယ်တဲ့လဲ.စိုးရိမ်ရလား

"အခုဆေးရုံကို ရောက်နေပီတဲ့ ပါးတို့ လိုက်သွားကြရအောင် တလုကလဲ တစ်ယောက်ထဲ ဖစ်နေတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းသိမှာမဟုတ်ဘူး
လာ..လာ..ပါးတို့ လိုက်သွားကြရအောင်

"ဟုတ်..ပါးပါး..

သားအဖနှစ်ယောက်​သား အမြန်ဆုံး ဆေးရုံကို
ထွက်လာခဲ့တယ်။
Apple စိတ်ထဲလည်း ရိပေါ် ဘာမှ မဖစ်ပါစေနဲ့ဆိုပီး ရေရွတ်ပီး ကားကို မောင်းလာခဲ့တယ်။

*****

"တလု  သားရိပေါ် အဆင်ပြေလား စိုးရိမ်ရလား

"ကျွန်တော်လဲ မသိဘူး အစ်ကိုရှောင်း
သားရဲ့ သူငယ်ချင်းက ဖုန်းဆက်ပြောလို့
ကျွန်တော် ဆေးရုံကိုလိုက်လာတာ
ဘယ်လိုဖစ်တာလဲတော့မသိဘူး..သားက
ကားမောင်းရင် အရမ်းသတိထားတာပါ
အခုဘယ်လို ဖစ်လဲမသိဘူး..

ရန်ကျင်  လူက ယိုင်တိုင်တိုင် ဖစ်နေတဲ့
ဝမ်တလုကို လဲမကျအောင် ထိန်းကိုင်ထားတယ်။
Apple ကလည်း ဘေးကနေ ဝိုင်းထိန်းပေးရင်း

"အန်ကယ်လ် ..ခုံမှာထိုင်လိုက်ပါလား
ရိပေါ်ကော သက်သာမှာပါ..
အန်ကယ်လ် လဲသွားမှာ သမီးစိုးရိမ်တယ်
စိတ်လျော့ထားနော် ရိပေါ်ကော ဘာမှမဖစ်နိုင်ပါဘူး....

"အေးပါ သမီးရယ်......

3နာရီလောက်အကြာမှာ ခွဲစိတ်ခန်းထဲက ဆရာဝန်ကထွက်လာသည်။အခုရိပေါ်ကို ခွဲခန်းဝင်ပေးတာ ဟောက်ရွှမ်းဖစ်နေသည်မို့
ဝမ်တလု ဟောက်ရွှမ်းလက်ကို အားကိုတကြီးဆွဲတော့သည်။သူ့သား ဘာမှမဖစ်စေဖို့ သူမျှော်လင့်မိတာအမှန်ပဲလေ။သားရယ် သူရယ်သာ
ရှိတဲ့ သူတို့သားအဖဘဝမှာ ခင်တွယ်စရာ
ဆွေမျိုး မရှိဘူးမလား။

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now