🍎22

7K 888 39
                                    

ကိုကို့အနားနေပါလား
Part-22

"ဝမ်ချောင် ကျန့်ကျန့်ရော

လူကြီးတွေနှင့်စကားပြောပီးသည်နှင့် ကျန်ကျန့်
ရှိရာကို လာပေမဲ့ မတွေ့ပေ။
ခဏဆိုပီး သွားလိုက်သည်မှာ အချိန်ကတစ်နာရီနီးပါးကြာသည်မို့ စိတ်ဆိုးနေပီလားမသိ။
ကိုကိုရှိတယ် ပြောပီး ကျန်ချန်းနဲ့ လွှတ်ထားမိသည်။

ဝမ်ချောင်လဲ ဘေးပတ်ဝန်းကျင်ကို ကြည့်ပေမဲ့
ရှောင်ကျန့်နဲ့ကျန်ချန်းကို မတွေ့ပေ။

"အေး မတွေ့ဘူး နှစ်ယောက်လုံး ဘယ်ရောက်နေလဲမသိဘူး
ခဏနေဦး ငါမေးလိုက်မယ်

ရိပေါ်ကို ခုံမှာ ထိုင်ခိုင်းထားပီးတော့ ဝမ်ချောင်
ဘေးပတ်ဝန်းကျင်ကို မေးဖို့ထွက်သွားလေသည်။
ရိပေါ်လဲ ရှောင်ကျန့် စိတ်ဆိုးနေပီ ထင်သောကြောင့် စိတ်က ကိုယ်တိုင်ပင် လိုက်ရှာချင်နေပီ။ဒါပေမဲ့ မျက်လုံးက ဟန်ဆောင်ထားရသည်မို့ မတတ်နိုင်ပဲ ဝမ်ချောင့်ကိုသာ စောင့်နေရသည်။

"ရိပေါ်

"‌ဝမ်ချောင် တွေ့လား သူတို့ကို

"ဝန်ထမ်းတစ်ယောက်မေးလိုက်တာ ကျန်ချန်းကိုသိ‌တော့ အဆင်ပြေလာတယ်။
Toiletဘက်သွားတယ်ပြောတယ်
ဟူး မောလိုက်တာ ရေပေးစမ်းပါ

"သောက်မနေနဲ့ လိုက်သွားမယ်
ဟိုရောက်မှ သောက်

"ဝမ်ရိပေါ် !!! အိမ်သာရေ မင်းပဲသောက်
ဘာလိုက်လုပ်မှာလဲ ထိုင်နေစမ်းပါ ငကန်းရာ
ပြန်လာမှာပေါ့

"လာစမ်းပါကွာ ကျန့်ကျန့် ငါ့ကို စိတ်ဆိုးနေပီထင်တယ်

ကိုကိုကဲကို ဝမ်ချောင်လဲ မနိုင်တော့သည်မို့
လိုက်ပို့ရ‌တော့သည်။
Toiletထဲ ရောက်တော့ ရှောင်ကျန့်ကိုဘေစင်နားမှာတွေ့လေသည်။

"ကျန့်ကျန့်

"ဟင် ကောနဲ့ကိုကို

" ကိုကိုက လိုက်ရှာနေတာ ။
မတွေ့တော့ လန့်သွားတာပဲကွာ

"ကျန့်ကျန့်က ပီးပီ ကျန်ချန်းက ထွက်မလာသေးလို့ စောင့်နေတာ

"ဒါဆို မင်းတို့ သွားနှင့် ငါ ကျန်ချန်းကို စောင့်‌ပီးတော့ ခေါ်ခဲ့မယ်

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now