🍎24

6.5K 550 18
                                    

ကိုကို့အနားနေပါလား
Part - 24

မနက်ထဲက ထိုင်နေရာက တုတ်တုတ်မျှ မလှုပ်တဲ့
ရှောင်ကျန့်။မနက်စာစားဖို့ နေနေသာ ‌မျက်နှာတောင်ထမသစ်ပေ။ရိပေါ်လဲ ရှောင်ကျန့် အခုလောက်ထိ ဂျစ်တိုက်မည်လို့ မသိထားသောကြောင့် အခုလို တွေ့ရတဲ့ ရှောင်ကျန့်ရဲ့ပုံစံသစ်လေးကို အသဲယားမိတာတော့အမှန်ပေ။
နာရီကို ကြည့်ပြန်တော့ နေ့လည် ထမင်းစားချိန်တောင် ဖစ်နေပီ။

ဘဲလ် တီးသံကြားသည်မို့ ရိပေါ် အခန်းထဲက ထွက်ပီး deliနဲ့ မှာထားသည့် အစားအစာတွေကို ထွက်ယူသည်။
စားစရာတွေကို အခန်းထဲသာ ယူလာပီး
ယုန်ငရစ်လေးကို ကျွေးဖို့ လုပ်ရတော့သည်။

"ကျန့်ကျန့် ဒီကိုလာ

ရိပေါ် စားပွဲနဲ့အကျနပြင်ပီး ယူလာပေမဲ့
ရှောင်ကျန့်က လုံးဝအရေးမလုပ်ပေ။
ခဏစောင့်နေသည်ထိ မလာ။ခေါ်တော့လဲ တုတ်တုတ်မျှမလှုပ်။ရိပေါ် ရေချိုးခန်းထဲ သပတ်အဖြူလေးကိုင်ကာဝင်သွားပီး ပြန်ထွက်လာကာ
ကိုညစ်ပတ်လေးကို ရေစိုသပတ်နဲ့ မျက်နှာသစ်ပေးလေသည်။

"ငြိမ်ငြိမ်နေနော် လူကစိတ်တိုလာပီ
အရမ်းကို ဆိုးနေတာပါလား

ရိပေါ် ‌က အော်သည်လဲမဟုတ် ညင်သာတဲ့
အသံလဲမပေါ်သည့်အသံနှင့်ဆိုလေတော့
ရှောင်ကျန့် ဘာမှပြန်မပြောပဲ အငြိမ်နေပေးသည်။
မျက်နှာ သစ်ပီးတော့လဲ ရိပေါ်သည် ရှောင်ကျန့်ကို ပွေ့ခေါ်ကာ ထမင်းစားပွဲကိုခေါ်လာပြန်သည်။

"ကျန့်ကျန့် မစားချင်ဘူး
အိမ်ပဲ ပြန်ချင်တာ

"ရှောင်းအိမ်တော်လား ဝမ်အိမ်တော်ကိုလား

ရှောင်ကျန့် ရိပေါ်မျက်နှာကို မသုန်မမှုန်တစ်ချက်ကြည့်ကာ

"ကျန်ချန်း အိမ်

ရိပေါ် သူ့ကို ရွဲ့ဖြေတဲ့ ရှောင်ကျန့်အဖြေကို
အံ့ဩသွားသည်။

"ဘာလို့ ကျန်ချန်းလဲ

"ရှောင်းအိမ်တော်က ပြန်လို့မှမရတော့တာ
ကျန်ချန်းပဲ ရှိတော့တာ သူနဲ့မနေလို့ အ!

"တော်တော် ကျန်ချန်းနဲ့နေချင်နေတာလား

ရိပေါ် အသဲတယားယားနဲ့ ရှောင်ကျန့်ရဲ့ လက်ကို ဆွဲကာ လက်ကို တစ်ချက်ကိုက်လိုက်သည်။
တစ်ကယ်ကို ဆိုးနေတာ ဒီဟာလေးက။

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now