🍎10

8.1K 702 11
                                    

ကိုကို့အနားနေပါလား
Part-10

ရိပေါ် မှေးသာမှေးနေပေမဲ့ အိပ်မပျော်ပေ။
မကြာသေးခင်ကမှ အိပ်ရာကနိုးလာတာ​ကြောင့်လဲ ပါသည်။မျက်လုံး​ဖွင့်ပီး ရင်ခွင်ထဲက ယုန်ပေါက်ကလေးရဲ့ နဖူးလေးကို မနေနိုင်မထိုင်သွားနမ်းမိသည်။ကျန့်ကျန့်သည် သူ့ဘဝထဲကို
မယုံနိုင်စရာကောင်းလောက်အောင်
ဝင်ရောက်လာခဲ့သည်။
စတွေ့နေထဲက ဒီယုန်လေးက သူ့ရဲ့နှလုံးသားကို
ယူသွားခဲ့တာကိုလဲ သူအံသြမိသည်။
မိန်ခလေးတစ်ကိုတောင် ချောတယ်လှတယ်ဆိုပီး
လိုက်မကြည့်ခဲ့တဲ့ သူက ဒီယုန်လေးကိုတော့
အရမ်းချစ်စရာကောင်းလို့ တစ်ခေါက်ပြန်လှည့်ကာကြည့်ခဲ့မိသည်။

​"အင်း...

ကြည့်နေရင် ရှောင်ကျန့်က လှုပ်ရှားလာသည်မို့
ရိပေါ် မျက်လုံးကို ချက်ချင်းမှိတ်ချလိုက်သည်။

"အင်း...အိပ်လို့ကောင်းလိုက်တာ....
ဟင်....ကိုကို

*ကိုကိုက အခန်းထဲ ဘယ်လိုရောက်နေတာလဲ.

ရှောင်ကျန့် အခုအခြေနေကို ကြောင်ကြောင်တောင်တောင် ဖစ်နေရသည်။အခန်းများမှားနေသလားဟု ​မျက်လုံးကစားကြည့်တော့လဲ
သူ့အခန်းမို့ အခန်းတော့မမှားတာသိသည်။
မသိတာက ရိပေါ်က ဘယ်လိုလုပ် ဒီရောက်နေပီး
သူ့ကို ဖက်ထားတာလဲ ဆိုတာကိုပင်။
ရိပေါ်ဖက်ထားသည်က ရုန်းဖို့မလွယ်သည့်အနေထား။လက်တစ်ဖက်ကို ခေါင်းခုအိပ်ခိုင်းထားပီး
နောက်တစ်ဖက်က ရှောင်ကျန့် ခါးကို ဖက်ထားတာကြောင့် ခန္တာကိုယ် တစ်ခုလုံးကို သိမ်းကြုံးဖက်သလို။ရှောင်ကျန့် ဖြည်းဖြည်းချင်း ရုန်းကြည့်တော့ ရိပေါ်လက်တွေက ပိုတင်းကြပ်လာသည်။
ရိပေါ် နိုးနေတာ ကျန့်လေးမှ မသိရှာတာပင်။

ရိပေါ် ရင်ခွင်ထဲက ကောင်လေးကို မလွှတ်ပေးသေးချင်တာကြောင့် တမင် အိပ်ချင်ယောင်
ဆောင်နေသည်။ဖြည်းဖြည်းချင်းရုန်းနေတော့
ပိုပီးတင်ကြပ်စွားဖက်ထားလိုက်သည်။
သေချာတာတော့ ကိုကို့ရဲ့ ယုန်လေး
စိတ်ညစ်နေတော့မှာ။

"ကိုကို...ကိုကို...ထပါဦး...

ရှောင်ကျန် နိုးပေမဲ့ တုန့်တုန့်မျှမလှုပ်တဲ့ ရိပေါ်ကြောင့် စိတ်ညစ်လာသည်။
သူ့ရဲ့လက်လေးကို ရအောင်ဆွဲထုတ်ပီး
ရိပေါ်ရဲ့ ပါးလေးကို ကိုင်ကာ လှုပ်နိုးပြန်သည်

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now