🍎16

7.5K 650 13
                                    

ကိုကို့အနားနေပါလား
Part-16

ကျန်ချန်း 1လစာ စာရင်းတွေကိုယူပီး
ဝမ်အိမ်တော်ကို ရုံးကနေအပြန်ဝင်ပို့ရသည်။
အရင်ကဆို စစ်ကျွေးကော ပို့‌‌ေပးရပေမဲ့
အခုသူ့အလုပ်ဖစ်သည်။ကျန်ချန်းဝမ်အိမ်တော်ကို ရောက်ဖို့ မိန်းလမ်းမကြီးကနေ လမ်းသွယ်ထဲ အဝင်ကားက တဖြည်းဖြည်းချင်းအရှိန်လျော့ကာ
နောက်ဆုံး ရပ်ပါရပ်သွားသည်။

"အေး မင်းပဲ ဖောက်နေလိုက် ဟိုရောက်မှ ပျက်ရောပေါ့

အဖေ့ရဲ့အမွေ ကားစုတ်ကပျက်ပြန်တော့
ကျန်ချန်း တစ်ယောက် ညီးညူကာ ကားပေါ်က
ဆင်းပီး ကားအဖုံးကို ဖွင့်ကာကြည့်သည်။

" ကားအဖုံးတော့ ဖွင့်ပီးပီ ထပ်ပီး ဘာဆက်လုပ်ရမှာလဲ
အေး ပိုက်ဆံစုပီး အိမ်အရင်မဝယ်ပဲ ကားအရင်
ဝယ်မှ ကျန့်ကျန့် ကိုတော့ နောက်တစ်နှစ်လောက်
ထပ်ပီး စောင့်ခိုင်းရမှာပဲ
အိမ်မှာလာနေခိုင်းမဲ့ ကတိဖျက်တာမှ မဟုတ်တာ

သူ့ဘာသာတစ်ယောက်ထဲ ကားကို ဟိုကိုင်ကြည့်
ဒီကိုင်ကြည့်နှင့် နောက်ဆုံး အဖုံးကိုပြန်ပိတ်ပီး
အငှားကား လာမလား ဟိုကြည့်သည်ကြည့်နှင့်။
လမ်းသွယ်ထဲရောက်နေပေမဲ့ ပစ္စည်းတွေပါသေးတာကြောင့်ရော အိမ်က အနည်းငယ်လှမ်းသေးတာကြောင့်ပါ ကားငှားဖို့ ဆုံးြဖတ်လိုက်ပေမဲ့ ဒီသူငှေးရပ်ကွက်ကို taxi တွေ့ဖို့ မမျှော်လင့်ရဲ။

ဝမ်ချောင် အိမ်စီးကားကို လက်တားနေတဲ့
ရှေ့က လူကို ဘာများအကူညီလိုနေလဲ
သိချင်၍ သူ့ရဲ့ကားကို ရပ်ပေးလိုက်သည်။

"ဘာဖစ်လို့လဲ ကားပျက်နေလို့လား

"ဟုတ်ကဲ့ ခင်ဗျ ကျွန်တော့်ကိုလေ အစ်ကိုသွားရင်းနဲ့ taxi တွေ့ခဲ့ရင် ဒီနေရာလေး ညွှန်းပေးပါလား ကျွန့်တော့်ကားက serviceပို့မှ ရတော့မှာ
ကူညီပါနော်

ဘယ်လိုတောင်လား တစ်ခြားသူဆို သူ့ကို
ကားကြုံပေးစီးဖို့ ပြောမှာသေချာတယ်။
ဝမ်ချောင် သူ့ရှေ့က ကျန်ချန်းကို သေချာကြည့်ပီး တကယ်အကူညီလိုနေပုံမို့ ကူညီရန် ဆုံးြဖတ်လိုက်ပီး

"ညီက ဘယ်အိမ်ကို သွားမှာလဲ
ဒီလမ်းက မင်းအငှားကားစောင့်နေရင် မိုးချုပ်သွားမယ် ကိုယ် ကူညီပေးမယ်ပြော

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now