🍎20

7.2K 762 41
                                    

ကိုကို့အနားနေပါလား
Part-20

"ကျန်ချန်း ဒီနေ့အိမ်မှာ ထမင်းစားသွားပါလားအလုပ်တွေပီးရင်လဲ မပြန်နဲ့ဦးနော်

တစ်ကိုယ်လုံး လူကို မှီပီး ကြောင်ပေါက်လေးလို
ချွဲနေတဲ့ ရှောက်ကျန့်ကို ကြည့်ပီး ကျန်ချန်း
ပြုံးမိသည်။ပိတ်ရက်ပေမဲ့ အလုပ်တွေ ရှိနေသည်မို့ ဝမ်အိမ်တော်ကို ရောက်နေခြင်းဖစ်သည်။
အလုပ်ပီးရင် အိမ်ကိုသာပြန်ပီး TVကြည့်မဲ့အတူတူ ရှောင်ကျန့်ကို အဖော်လုပ်ပေးဖို့ တွေးပေးလိုက်သည်။ ဒါပေမဲ့ ငချွဲကို စဦးမယ်။

"မနေပါဘူး အလုပ်ပီးရင် အိမ်ပြန်မှာ
မင်း ကိုကိုက ငါ့တွေ့ရင် ထပ်ခိုင်းနေဦးမယ်

"ဟာ အဲ့ဒါတော့ စိတ်ချ
ကိုကိုက သူ့သူငယ်ချင်းတွေလာမှာမို့ မအားဘူး
လုပ်ပါကွာ ။ကျန်ချန်းလေး လာမယ်ဆိုလို့
ငါလေးက မင်းကြိုက်တဲ့ ကြက်ပေါင်းလေးတောင် ပေါင်းထားတာ။နေပါကွာ နော်နော်

အစားနဲ့ လာမျှားတယ်ပေါ့။ဒါမျိုးတော့မရဘူး
အဝကို တီးပစ်ဦးမယ်။

"‌နောက်တာပါကွာ ငါလည်း မင်းနဲ့ စကားတွေပြောချင်ပါတယ်။ဒါမှမဟုတ် ငါတို့ အပြင်သွားမလား။ငါတို့ အတူတူ အပြင်မသွားရတာကြာပီလေ။

ကျန်ချန်းရဲ့ အပြင်သွားရအောင်ဆိုတဲ့စကား
ကြောင့်ပျော်သွားပေမဲ့ အတွေးထဲ မြင်လာတဲ့
ချစ်ရသူကြီးက သွားခွင့်မပေးသည်က သေချာသည်မို့ အပြည့်ဝတောင် မပျော်နိုင်ပေ။

"ကိုကိုက သွားခိုင်းမှာမဟုတ်ဘူး
ပီးတော့ ငါမင်းကိုပြောပြစရာရှိသေးတယ်။
ဟိုနေ့.......

"အဲ့ဒါအလုပ်လုပ်နေကြတာလား

စကားဝိုင်းထဲ ဖြတ်ဝင်လာတဲ့ အသံမာမာကြောင့်
နှစ်ယောက်လုံး လန့်သွားသည်။အခန်းထဲ ဝင်လာသူကို ကြည့်တော့ ရိပေါ်ပင်။ရိပေါ်ရဲ့ အနောက်မှာတော့ ဝမ်ချောင်နဲ့ဟောက်ရွှမ်းပါ ပါလာသည်။စကားများနေတဲ့ နှစ်ယောက်ကတော့
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ
ပီတီတီရုပ်လေးတွေနဲ့ပေ။

"အလုပ်က ပီးပါပီ။ကျန်ချန်းကို ထမင်းစားဖို့ပြောနေတာ။ပီးရင်လည်း မပြန်သေးဖို့ပြောနေတာပါ။
ကောတို့ ဗိုက်ဆာနေပီလား

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now