🍎31

6K 483 8
                                    

ကိုက့်အနားနေပါလား
Part-31

"သား ကျန့်ကျန့်က နေမကောင်းဘူးလား။
ညစာစားတာ နည်းလှချင်လား။
မင်း ကလေးကို ဘာစိတ်ညစ်အောင် လုပ်ထား
ပြန်လဲ။

"မလုပ်ပါဘူး ဗျာ။ဒီနေ့ ဟိုအိမ်ထဲက ငိုပီးထွက်လာတယ်လေ။ပြန်လာထဲက စိတ်မကောင်းဖစ်လာလို့ထင်တယ် မျက်နှာညိုးနေတယ်။

"မေလီနဲ့ ပြသာနာဖြစ်လာတာလား။

"ကျန့်ကျန့်က ဖိတ်စာသွားပေးတာ အဲ့မိန်းမက
အော်လွှတ်လိုက်တာ။ပြသာနာက သူ့မှာပဲရှိနေတာ ကျန့်ကျန့်က ပြသာနာမရှာဘူး ပါး။

ပါးရဲ့အပြောကို မခံချင်သလို ဖြစ်မိတယ်။
ပြသာနာက အဲ့မိန်းမပဲရှိတာလေ။
ကျန့်ကျန့်က ပြသာနာ ရှိစရာလား။

ဝမ်တလုလဲ ဆတ်ဆတ်ထိမခံတဲ့ သားတော်မောင်ကို ပခုံးကိုပုတ်ကာ

"ပါး စကားမှားသွားတယ်။ကဲ့ပါ ပါး
အစ်ကိုရှောင်း ကို ဖုန်းဆက်ပါဦးမယ်။
သားလည်း သားကျန့် ကို သွားပီး နှစ်သိမ့်လိုက်ပါဦး။သူ ငယ်ငယ်ထဲက ခင်တွယ်ရတဲ့ သူတွေဆိုတော့ သူလည်း စိတ်ကောင်းမှာမဟုတ်ဘူး။

"ဟုတ် ပါးလည်း နားတော့လေ။

ပါး ထွက်သွားတော့မှပဲ ကျန့်ကျန့်အတွက် ပန်းသီး တစ်လုံးကို ကိုယ်တိုင်ပဲခွဲပီး အပေါ်ထပ်ကို တက်သွားလိုက်တော့တယ်။
ကျန့်ကျန့်က မယူရသေးခင်ထိ သူတစ်ယောက်ထဲ ပေးနေပါဆိုလို့ အခန်းကိုအခုထိ ခွဲပေးထားရသည်။အိပ်ယာထက် စောင်နဲ့ပတ်ကာ ဝင်ခွေနေတဲ့ ကောင်လေးကို ကြည့်ပီး သက်ပျင်းချမိသည်။ဒီက်ုစိတ်နုလေးကို ဘယ်လိုများ နှစ်သိမ့်ပေးရမလဲ မသိတော့ပေ။

"ကျန့်ကျန့် ဒီမှာထကြည့်ပါဦး။ကျန့်ကျန့် ကြိုက်တဲ့ ပန်သီးအကြွပ်သီးလေ ကိုကို ခွဲလာပေးတယ်။

စောင်ပုံထဲကနေ ကုတက်ခြေရင်းမှာ မတ်တပ်ရပ်နေတဲ့ ရိပေါ်ကို ကြည့်ပီး ရှောင်ကျန့် ခေါင်းခါပြသည်။

"ကိုကို မဆူချင်ဘူးနော်။ထမင်းလဲ ကောင်းကောင်းမစားဘူး။ကိုယ်လုပ်ချင်တာ
လုပ်ပီးရင် ရွှင်ရွှင်ပြပြနေမှပေါ့

အသံခပ်မာမာပြောမှ ထလားပီး လက်ထဲက
ပန်းသီးပန်းကန်ကို ယူကာ ထိုင်ခုံပေါ်ထိုင်ကာစားသည်။မဆူချင်ပေမဲ့ နေ့လည်ထဲက အစားကောင်းကောင်းမစားတာမို့ စိတ်ပူတာမို့ အစားဝင်အောင် မဆူချင်ပဲ ဆူရပြန်သည်။
လူကို ကျောပေးကာထိုင်စားနေရင်း ကိုယ်လေး
တုန်ကာရှိုက်သံပါ ထွက်လာတာမို့ စိတ်ပူကာ
မျက်နှာကို ကြည့်လေတော့

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now