🍎26

6.4K 551 14
                                    

ကိုကို့အနားနေပါလား
Part-26

တံခါးနားရောက်ခါနီးမှ ဝမ်ချောင်က ကျန်ချန်းလက်ကို ဆွဲကာ အပြင်သို့ထွက်ခွင့်မပေးပေ။
သူ့ကို ကောလို့ ခေါ်နေတဲ့ ဒီကောင်လေးက အခုမှ
ဘာကိစ္စ နာမည်ကို တပ်ခေါ်နေရတာလဲ။
ဒါကို ဝမ်ချောင် လုံးဝမကျေနပ်။ထိုကောင်လေးအမြဲခေါ်နေကြ ကောဆိုတာက နားထဲ နားဝင်ကချိုနေပီ။ဖြစ်ခဲ့တဲ့ ကိစ္စအဝဝက ကိုယ့်ဘက်က ကြံစည်ထားတာဘာတစ်ခုမှ မပါပေမဲ့
ထူးထူးခြားခြား ထိုကောင်လေးကို လိုချင်လာမိတယ်။ထိုညကို ဖြတ်သန်းခဲ့ပီးထဲက ရှောင်‌ေနသူလေးက ဘယ်လိုမှ ဖမ်းမရခဲ့။ဖုန်းဆက်လဲ မကိုင်။အလုပ်လိုက်လာတော့လဲ မရှိ။လူခြင်းတွေ့အောင် စောင့်နေပြန်တော့ မမြင်ချင်ယောင်ဆောင်နေတယ်။အလုပ်မှာ လူအများနဲ့မို့ လွှတ်ထားပေးလိုက်တယ်။နောက်ဆုံး ရိပေါ်ကို ဖြစ်ပျက်သမျှကို ပြောပြပီး ထိုကောင်လေးကို ကိုယ့်အနား ရောက်အောင် အတွင်းမှူးအနေနဲ့ ခဏပေးဆိုပီး ရိပေါ်ကို အကူညီတောင်းရတယ်။ထင်တဲ့အတိုင်းပဲ အခုမှပဲ မျက်နှာလေးကို လိုက်မရှာပဲ တွေ့ရတော့တယ်။

"ခင်များ ဘာဖစ်နေတာလဲ ဝမ်ချောင်

"ကိုယ် မင်းရည်းစားဖြစ်ချင်တယ်လို့ ဘယ်နှစ်ခါပြောရမလဲ။ဘာလို့ ကိုယ့်ကို ငြင်းနေတာလဲ။

လူကိုဆွဲလားရမ်းလားနဲ့။ဒီလူစိတ်ရော မှန်သေးရဲ့လားမသိဘူး။တစ်ည‌လေး မှားခဲ့ကြတာကို
တာဝန်ယူရအောင်လဲ ကိုယ်က ကလေးမွေးနိုင်တဲ့
မိန်းခလေးလဲမဟုတ်။သူ့လို မိန်းမထည်လဲ တွဲနေသူက ချစ်တယ်ပြောတိုင်းယုံရအောင် လူကအရူးလဲမဟုတ်။

"ခင်များ ကျွန်တော့်ကို လွှတ်ပေး ဝမ်ချောင်။
ကျွန်တော် မပတ်သတ်ချင်ဘူးလို့ ပြောပီးပီလေ။

"တကယ် မပတ်သတ်ချင်ဘူးပေါ့။ok လေ
မင်းကို ကိုယ့်ဘက်က ခွင့်တောင်းတယ်။
အလေးထားပီး ဒီစကားကို ပြောတယ်။
လက်မခံတာတော့ ကိုယ်လည်း မတတ်နိုင်တော့ဘူးပေါ့။မင်းစိတ်ကြိုက်နေနိုင်ပီ။

ဖက်ထားတဲ့ လက်တွေကို ဝမ်ချောင် လွှတ်ပေးလေတော့ ကျန်ချန်းလဲ ထိုနေရာက ထွက်လာခဲ့တယ်။

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now