🍎9

7.7K 735 16
                                    

ကိုကို့အနားနေပါလား
Part-9

"ဒေါ်ဝေ  ဟို​တစ်ယောက်ရော

အဝတ်တွေ လျော်ဖို့ အခန်းထဲ အဝတ်တွေ လာယူတဲ့ ဒေါ်ဝေကို ကျန့်ကျန်ကိုမတွေ့လို့ ရိပေါ်
မေးလိုက်သည်။

"ဘယ်တစ်ယောက်လဲ သခင်လေး

"ရှောင်ကျန့်....

"အော် ကျန်ကျန့်လေးလား သခင်လေး
ခုနတုန်းကတော့ ဧည့်ခန်းထဲမှာတွေ့သေးတယ်
ဒေါ်ဝေ သွားခေါ်ပေးမယ်လေ...

"နေနေ ကျွန်တော် သွားလိုက်မယ်
ကျွန်တော့် လမ်းလျှောက်ဒုတ်လေးယူပေးပါ

ဒေါ်ဝေသည် ​နံရံထောင့်နားမှာ ထောင်ထားသည့်
ဒုတ်လေးကို ရိပေါ်ကို ယူပေးလိုက်သည်။

"သခင်လေး ဒီမှာ...
တစ်ယောက်ထဲ ဖစ်ရဲ့လား ဒေါ်ဝေလိုက်ပို့ပေးမယ်

"ရတယ်....

ရိပေါ် လေသံမာမာနဲ့ ပြောမှ ဒေါ်ဝေ သူမ
သခင်လေးက သူ့ကို ဒုတ္ခိတလို ဆက်ဆံတာ
မကြိုက်မှန်း သတိရသွားတော့မှ

"တောင်းပန်ပါတယ် သခင်လေး

ရိပေါ် ဘာစကားမှ ထပ်မဆိုတော့ပဲ အကြာကြီး
သူ့အနားကပျောက်နေတဲ့ ယုန်လေးကို
ရှာဖို့ အခန်းထဲ ထွက်လာခဲ့သည်။
နေ့ခင်းကထမင်းခူးခပ်ကျွေးပီးထဲက ကိုကို
တရေးအိပ်ဆိုပီး လူကို စာအုပ်တွေ ဖတ်ပြကာ
သိပ့်သွားပီး အခုသူက ဘယ်ပျောက်နေမှန်းမသိ။
ဧည့်ခန်းထဲတွင်လည်း မတွေ့။ရိပေါ် ခြံထဲမှာများ
ရှိမလားလို့ သွားရှာတော့ ဟိုဘက်ခြံနဲ့ ကပ်လျက်ခြံထောင့်မှာ မြက်ခင်းပေါ် ထိုင်နေတဲ့ ကျန့်ကျန့်ကို တွေ့သည်။ဘေးမှာလဲ ​ခုံတစ်ခုံ။ကြည့်နေရင်းပင် ထိုခုံပေါ်တက်ပီး ဟိုဘက်အိမ်ကို တံတိုင်းကျော်ကာ ချောင်းနေပြန်တယ်။
(ဒီနေရာမှာ ရိပေါ်တို့အိမ်က ခြံတံတိုင်းကို နည်းနည်းနိမ့်ထားပီး အပေါ်ကို အဆူးတွေနဲ့ လုပ်ထားတယ်မြင်ပေး♥
ရိပေါ် အတွေးထဲ တစ်ယောက်ယောက်ကို
ချောင်းနေတယ် ထင်ပီး ဒေါသထောင်းခနဲ့ ထွက်သွားသည်။ ယုန်ပေါက်လေးအနား ခြေလှမ်းကျဲနဲ့ သွားပီ....

"ရှောင်းရှောင်ကျန့် !!....ဘာလုပ်နေတာလဲ.

"အမလေး..ကိုကို....

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now