🍎2

9.5K 797 18
                                    

ကိုကို့အနားနေပါလား
Part-2

"ရှောင်ကျန့် မနေ့က ငါ တိုက်ခိုင်းထားတဲ့ အကျီ မီးပူတိုက်ပီးပီလား ဒီနေ့ ဝတ်မှာနော်

ထမင်းခူးပေးနေတဲ့ ကျန့်ကျန့် တစ်ယောက်
Apple စကားကြောင့် လန့်သွားတယ်။
မီးပူက မတိုက်ရသေးဘူးလေ။စာမေးပွဲက ​အရမ်းနီးနေတော့ စာကျက်နေရလို့ မေ့သွားတယ်။apple  ဆူတော့မှာသိနေလို့ ရှောင်ကျန့် မျက်နှာလေး ငယ်ကာ

"ဟိုလေ မမ ကျန့်ကျန့် မတိုက်ရသေးဘူး

"ဘာ....နင့်မှာ ဘာအလုပ်ရှိလို့ ငါခိုင်းတာမလုပ်တာလဲ... နင်..နင်..လာခဲ့စမ်း ဒီကို

ရိုက်ရန် လက်တစ်ပြင်ပြင်ဖစ်နေတဲ့ သမီးဖစ်သူကို ရန်ကျင် ဝင်တားတော့သည်။

"သမီးရယ် ကျန့်ကျန့်က နောက်ဆုံးနှစ်စာမေးပွဲနီးနေပီလေ သူ စာကျက်နေရတယ်လေ
မိန်းခလေးပဲ တစ်ထည်တစ်လေ ကိုယ့်ဘာသာ
တိုက်ပီးဝတ်ပါလား ကျန့်ကျန့် ကသမီးမောင်ဆိုပေမဲ့ ယောကျာ်းလေး သမီးကိစ္စအကုန်ခိုင်းမနေနဲ့

အ​ဖေ ဖစ်သူက ဝင်ဟန့်တော့မှ ထပ်မပြောတော့ပဲ ရှောင်ကျန်ကိုသာ မျက်​ေထာင့်နီနဲ့ ကြည့်ကာ
"နင်သတိထား ဆိုတဲ့အကြည့် နဲ့ appleကြည့်နေသည်။

စစ်ပွဲဖစ်နေတဲ့ ထမင်းဝိုင်းကို apple ဘက်က အားဖြည့်ပေးမဲ့ အမေဖစ်သူက ဝင်လာတော့တယ်။

"ဒီမှာ ကိုရန်ကျင် ရှင့်တူကို ခိုင်းတာမကြိုက်တာလား။သူ့ကို ​ေနစရာရော စားစရာရော ပေးထားတဲ့အပြင် ကျောင်းပါကျွန်မတို့က ထားပေးထားတာ ဒီလောက်တောင်မခိုင်းရတော့ဘူးလား

"မင်း....

​သူ့ကြောင့်ရန်ဖစ်တော့မဲ့ ဦးလေးတို့ကို အမြန်ရှောင်ကျန့် ဝင်တားတော့သည်။
မဟုတ်ရင် ဦးလေးသွားရင် အန်တီလေးက သူ့ကို မဲဦးမယ်ဆိုတာ သိနေသည်။
မမက တစ်ဦးတည်းသောသမီးဆိုတော့ အရမ်းဆိုးပါသည်။ဒါပေမဲ့လည်း မမ ဘယ်လောက်ဆိုးဆိုး ကျွန်တော်ကတော့ အချစ်မပျက်ပါဘူး
ဒီမိသားစုကို ကျွန်တော် ကျေးဇူးကြွေးတွေဆပ်ရမှာ အများကြီးလေ။

"ဟို ကျန့်ကျန့် အခု သွားပီး အကျီကို တိုက်လိုက်ပါ့မယ်
ခဏ ပါပဲ မမရယ် ကျန့်ကျန့် စာကျက်နေလို့ မေ့သွားတာပါ ။စိတ်မဆိုးပါနဲ့နော်

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now