🍎3

8.6K 741 17
                                    

ကိုကို့အနားနေပါလား
Part-3

ရိပေါ်အခုရောက်နေတာ စားသောက်ဆိုင်တစ်ခု
ဖစ်သည်။ပါးရဲ့ သဘောအတိုင်း appleနဲ့ လက်မထပ်ဖစ်သေးရင်တောင် ပါး စိတ်ချမ်းသာအောင်
သူ့ဘက်က appleနဲ့ စေ့စပ်ထားပီးပဲ ဖစ်ဖစ်
အချိန်ကို ရ​သလောက်ဆွဲထားမည်ဆိုတဲ့ အတွေး
ဖြင့် ဒီနေ့ သူမနဲ့ ထိုကိစ္စ ဆွေးနွေးရန် တွေ့ဖို့
ချိန်းထားသည်။

ရိပေါ် က ကျောင်းတက်တုန်းကလည်း ရည်းစားမထားဖစ်ခဲ့။သူ့ရဲ့ ရုပ်ရည်နဲ့ ဂုဏ်ရှိန်ကြောင့်
ရောက်တဲ့ နေရာတိုင်း မှာ မျက်နှာပန်းပွင့်ခဲ့ပေမဲ့
ရိပေါ်သည် ဘယ်သူနဲ့မှ တွဲသည်လို့ အသံမထွက်ခဲ့သလို တစ်ကယ်လဲ ဘယ်သူနဲ့မှ မတွဲခဲ့ဘူး။
နှလုံးသားကိစ္စနဲ့ ပတ်သတ်ရင် သူ့မှာ ခံယူချက်တစ်ခါရှိသည် ဤသည်ကား သူချစ်လို့ ရွေးချယ်ပီဆိုတဲ့သူက ဘဝတစ်ခုလုံးစာ သူလက်ထပ်မည့်သူပဲဖစ်ရမယ် ဆိုတဲ့ ခံယူချက်ပဲ။သူများတွေလိုရည်စား ထည်လဲတွဲတာ သူစိတ်မဝင်စား
တစ်ယောက်ထဲကို ချစ်ပီး အ့တစ်ယောက်ထဲကို
သူ လက်ထပ်မည်။
အ့လို စိတ်ထားတာ တစ်ခြားကြောင့်တော့ မဟုတ်ပေ။ရိပေါ်က အရမ်းအစွဲလမ်းကြီးတဲ့ ကောင်လေးဖစ်သလို တစ်ခုခုကို လိုချင်ပီဆိုရင်
ဘယ်လောက်ခက်ခဲပါစေ သူပိုင်ဆိုင်အောင်
ရအောင် လုပ်တတ်သေးသည်။ဒါပေမဲ့ ပိုင်ဆိုင်ပီး
သွားရင်လဲ လုံးဝ မစွန့်လွှတ် ။
အချစ်ရေးကို စိတ်မဝင်စားတာမဟုတ်ပေမဲ့ သူ့ကို ရင်ခုန်အောင် လုပ်နိုင်တဲ့သူ
မရှိသေးတာဆို ပိုမှန်မည် အခုတော့ ရည်းစားတောင် မထားဖစ်သေးတဲ့သူက ပါးကို စိတ်ဆင်းမရဲစေချင်လို့ ထိုမိန်းခလေး နဲ့ ဘယ်လိုနှစ်ပါးသွားရမလဲ စဥ်းစားနေရပီ

လုပ်ငန်းရှင်တစ်ဦးဖစ်တဲ့ ရိပေါ်ဟာ အချိန်ကို
အရမ်းတန်ဖိုးထားသည်။အခုလဲကြည့်...
သူစောင့်နေတာ ချိန်ထားတဲ့ အချိန်ထက် 15minutes ပိုနေပီ။အခုထိ ချိန်းထားသူက
ပေါ်မလာသေး ။လူကသာ ဒီရောက်နေပေမဲ့
Phone နဲ့ Email စစ်နေရသည်။
သူ အမုန်းဆုံးအရာတွေမှာ အချိန်မတိကျတာ
လဲပါသည်။

"ရိပေါ်ကော...ရောက်နေတာ ကြာပီလား
Apple နည်းနည်းနောက်ကျသွားတယ် sry နော်

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now