🍎18

7.4K 688 35
                                    

ကိုကို့အနားနေပါလား
Part-18

"မလိုက်ဘူး အဟင့် လွှတ်ပေး ကိုကိုရေ
ကျန်ချန်း အား မလိုက်ဘူး

အတင်းကို ကားပေါ်က ဆွဲချနေသူက သူ့ထက်အားကြီးနေတော့ ရှောင်ကျန့် အနီးပတ်ဝန်းကျင်ကနေ အကူညီရ‌လိုရငြား အသားကုန် အော်တော့သည်။အစထဲက တစ်ခုခု မှားနေပီဆိုတာသိနေပေမဲ့ အန်တီလေးကို ကြောက်လို့ ဘာမှ မပြောရဲ မမေးရဲ့။အခုလောက်ထိ လုပ်လိမ့်မယ်လဲမထင်မိခဲ့။

"လိမ္မာပါတယ်ကွာ ကိုယ်က အိမ်အလည်ခေါ်ရုံကို ဘာလို့ အဲ့လောက် ငြင်းနေတာလဲ

"ဟင့်အင်း မလိုက်ချင်ဘူး ကျန့်ကျန့်က

"နားငြီးလိုက်တာ ဘာလို့ အဲ့လောက်ပြောရတာခက်နေတာလဲ

ထိုစဉ်

"ခက်မှာပေါ့ မင်းပုံစံက မုဒိန်းသမား ရုပ်ပေါက်နေတာကို

"ကော ကော ကျန့်ကျန့်ကို ခေါ်ပါ

အနားကိုရောက်လာတဲ့ ဝမ်ချောင်ကိုမြင်တော့
ရှောင်ကျန့် အလင်းရောင်ခြည်လေး မြင်လိုက်ရသလိုပင်။ကားထဲက အမြန်ထွက်လာပီး
ဝမ်ချောင့် ကျောအနောက် လာကပ်ကာ ဝမ့်ချောင့် လက်မောင်းကို အားကိုးတကြီး ကိုင်ထားသည်။

ဝမ်ချောင်လဲ ကြောက်လို့ အသားတွေတောင်တုန်နေတဲ့ ရှောင်ကျန့်ကို ဆံပင်လေးဖွရင်း ပြုံးပြကာ

"ကျန့်ကျန့် ဟိုမှာ ကောရဲ့ကား တွေ့လား
ကားထဲ ဝင်ပီး ကောကို ခဏ စောင့်ပါလား

ရှောင်ကျန့်လဲ ဝမ်ချောင်ပြရာကို ကြည့်လိုက်တော့ driverအဆင်သင့်ရှိနေသည့် ဝမ်ချောင့်ကားကို တွေ့သည်။ကားဆီသွားဖို့ ခြေလှမ်းရွေလိုက်တော့ ခြေထောက်တွေက တုန်နေတာမို့
ထင်သလောက် မရွေ့။

ရှောင်ကျန့်ကို ကြည့်ပီး အကြောက်လွန်နေမှန်း
ဝမ်ချောင် ရိပ်မိသွားသည်။

"ကော ကျန့်ကျန့် ခြေထောက် အဟင့်

"Ok ok ကောနဲ့အတူသွားမယ်

ရှောင်ကျန့်ကို လက်ကနေဆွဲကာ ထိန်းထား
ရင်း John ဘက်ကို ပြန်လှည့်ကာ

"ကျန့်ကျန့်ကို အခု ရှောင်းအိမ်က မပိုင်ဘူး
ဝမ်အိမ်တော်က ပိုင်တာ ။ဒါပေမဲ့ တစ်ခုတော့ရှိတယ် ရှောင်းအိမ်တော်မှာလို ရှောင်ကျန့်က
သိမ်ငယ်မှု့တွေနဲ့ ဝမ်အိမ်တော်မှာ မနေရဘူး။
ဝမ်အိမ်တော်က သခင်လေး ကိုယ်တိုင်က
ကျန့်ကျန့်ကို သခင်လေးလိုထားတာ ။
မင်း လူမှားထိမိနေမှာစိုးလို့ ငါက စေတနာနဲ့
ပြောပြတာ။

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now