🍎6

8.5K 774 34
                                    

ကိုကို့အနားနေပါလား
Part-6

မနက်အလင်းရောင်က ပြတင်းပေါက်က နေတိုးဝင်လို့နေသည်။လေကလည်း တစ်ဖြူးဖြူးနဲ့ကို ဝင်ရောက်လာတော့ ​အေးစိမ့်စိမ့်..
ရိပေါ် မျက်လုံးတွေ ဖွင့်ကာ ခဏ အတွေးနယ်ချဲမိသည်။

ယုန်ပေါက်လေးက သူ့ဆီရောက်လာတာ အိမ်မက်လိုပဲ ။စိတ်ထဲမှာ ထပ်တွေ့ချင်နေတာ
ကို ဘုရားသခင်က ဖြည့်ဆည်းပေးတာနေမယ်။
ယုန်ပေါက်လေးက သူ့ကို မမှတ်မိတော့ စိတ်တော့မကောင်းပေမဲ့  ပြန်တွေ့ရလို့ ကျေနပ်ပါတယ်လေ။စတွေ့တုန်းကလို တကယ့်ကို ချစ်စရာလေး။ပါးပြောပုံအရ သူလေးက အခုမှ ကျောင်းပီတာတဲ့။ကိုယ့်အတွေးတိုင်းသာဆို ဒင်းလေးကို
အထက်တန်းပထမနှစ်လို့သာ ထင်မိမည်။
အကောင်လေးက သေးလိုက်တာမှ တစ်ကယ်ကို
အမေ့ရင်ခွင်နေရဲ့မဲ့ အရွယ်လိုပင်။
သူလေးနေရာမှာ တစ်ခြားသူသာဆို အိမ်ကို
ပြန်ခိုင်းမိမှာ အသေချာပင်။
အိမ်ပြန်ခိုင်းတော့ ရုပ်လေးက ငိုမဲ့မဲ့။
ရှောင်းအိမ်တော်က ဘာအတွက်လွှတ်လိုက်လို့
သူလေးက မပြန်ချင်ရတာလဲ။
ကျန့်ကျန့်လို့ သူ့ကိုယ်သူ နာမ်စားသုံးတာလေးက
တစ်ကယ်ကို အသဲယားစရာကောင်းသည်။

"ဒေါက် ဒေါက်.....

ရိပေါ် အိပ်ရာပေါ်မှာ အတွေးနယ်ချဲ့နေရင်း
အပြင်က တံခါးခေါက်သံကြောင့်
အတွေးတွေ ပျက်သွားရသည်။

"ကိုကို... နိုးနေပီလားဟင်..ကျန့်ကျန့် ဝင်လာမယ်နော်

ရှောင်ကျန့် နိုးနေတာကြာပေမဲ့ ရိပေါ် မနိုးသေးမှာစိုးလို့ အပြင်မှာ လုပ်စရာရှိတာ လုပ်ပေးရင်
ရိပေါ် နိုးမဲ့အချိန်ကို အလုပ်လုပ်ရင်းစောင့်နေတာ ရိပေါ် ထွက်မလာသေးတာကြောင့် လာနိုးခြင်းဖစ်သည်။

အခန်းထဲဝင်လာတော့ ကိုကိုက နိုးနေပီ။မျက်နှာတော့ မသစ်ရသေးဘူးထင်တယ်။
ကိုကို မျက်နှာကို ကြည့်တော့ စူပုတ်နေသလို။
မနက်မိုးမလင်းသေးဘူး သခင်လေးဝမ်
ဘာသဘောမကျပြန်လဲမသိဘူး လို့ ရှောင်ကျန့် တွေးလိုက်တယ်။ဘာပဲဖစ်ဖစ် 6လ သည်းခံရမယ်။အိမ်ကို ၆လမပြည့်ပဲ ပြန်လို့မှ မရတာ။

"ကိုကို မျက်နှာသစ်တော့မလားဟင်
ကျန့်ကျန့် ရေချိုးခန်းထဲ လိုက်ပို့ပေးမယ်

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now