🍎14

7.3K 673 14
                                    

ကိုကို့အနားနေပါလား
Part-14

"ကျန့်ကျန့်က အရမ်းချစ်စရာကောင်းတယ်မလား သခင်လေး...
အဲ့က‌လေးကအရမ်းအပြုံးချိုတယ်..
သခင်လေးလဲ သိတယ်မလား...
သူလေး ပုံစံကြည့်ရင် သိသာပါတယ်
ဘယ်လောက်ဖြူစင်ပီး ချစ်စရာကောင်းတယ်ဆိုတာ.....

ရိပေါ်ရဲ့​ခြေလှမ်းတွေ ရပ်တန့်သွားသည်။
ဒေါ်ဝေ ကသိနေတာလား။မျက်လုံးမြင်နေရတာကို။

"ဒေါ်ဝေ...

ဒေါ်ဝေသည် ရိပေါ်ကို ခေါင်းငြိမ့်ပြသည်။ရိပေါ်ရဲ့လက်မောင်းလေးကို လက်လေးနဲ့ ပုတ်ကာ ပြုံးပြရင်း..

"သခင်လေးနဲ့သခင်ကြီး အနားမှာ ကျွန်မအလုပ်ကျွေးပြုနေတာ ကြာပါပီ...
ကျွန်မ မသိတာမှ ထူးဆန်းတာမလား

"ပါးကို မပြောနဲ့ ..

"ဟုတ်ကဲ့ပါ...အကြာကြီးတော့အခုလို မနေပါနဲ့
သခင်ကြီး က သခင်လေးကို စိုးရိမ်နေရှာတာ

"အင်း...ကျန့်ကျန့်ကိုလည်း မပြောနဲ့

"အိမ်ပြန်သွားမှာ ကြောက်နေတာလား...
ကျွန်မလည်း အဲ့ခလေးကို သံယောဥ်ဇဥ် တွယ်နေမိပီ...
မပြန်သွားအောင် သခင်လေးက အပိုင်မွေးစားလိုက်ပါလား

"မဖစ်နိုင်တာတွေ... ကျန်ကျန်ကို သားလည်းမတော်နိုင်ဘူး...
ပါးကို ဒီအကြံ သွားမပေးနဲ့ ကျန့်ကျန့်ကို
ညီလည်းမတော်နိုင်ဘူး

ရန်တွေ့သံပါလာတဲ့ ရိပေါ်ကို ကြည့်ပီး ဒေါ်ဝေ
သဘောကျတော့သည်။သိပါတယ်
သခင်လေးက ကျန်ကျန့်ကို ထူးထူးခြားခြား
ပတ်သတ်ချင်နေတာ။

"ရပါတယ် ကျွန်မပဲ မွေးစားလိုက်တော့မယ်
ကျန့်ကျန့် သာ ကျွန်မသားလေး ဖစ်ရင်
သခင်လေး အနိုင်ကျင့်နေတာ သခင်ကြီးကို
တိုင်ရမယ်

"ဒေါ်ဝေ!...

"ကျွန်မက စတာပါ ဒီမှာခဏစောင့်နေနော်
ကျန်ကျန့် ကိုလွှတ်လိုက်မယ်
သခင်လေး မြင်တာသိ​နေတော့လမ်းလျှောက်တာ တွဲပေးနေရတာ ရယ်ချင်တယ်

ရိပေါ်ရဲ့ စကားပြန်တောင်မစောင့်တော့ဘဲ ဒေါ်ဝေကတော့ အိမ်ထဲဝင်သွားတော့သည်။
ဒေါ်ဝေ မိသွားအောင် နေခဲ့မိတဲ့ ကိုယ့်ကိုလဲ
ရယ်ချင်မိတယ်။မင်းနဲ့တွေ့မှ ကိုကိုက သတိတွေ လွှတ်ခဲ့ရပီ ကျန်ကျန့်။
အပျိုကြီးဖစ်တဲ့ ဒေါ်ဝေတောင် သားတော်ချင်လောက်အောင် ဒီယုန်ပေါက် ဘယ်လောက်ကပ်ချွဲနေလဲ ရိပေါ်တွေးရင်းပြုံးမိသည်။

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now